ဒယ်လ်တာကိုဗစ်- ၁၉ မျိုးစိတ်သစ်ကူးစက်မှုမြင့်တက်လာတဲ့အတွက် လေးကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်အခြေအနေကို ဂျပန်ပြဋ္ဌာန်း

 

လင်းဟန်သစ်

သြဂုတ် ၂၀ ရက်က ဂျပန်အစိုးရဟာ သူ့ရဲ့လေးကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်အခြေအနေကို ခရိုင် ၁၃ ခုအထိ ပါဝင်အောင် တိုးချဲ့လိုက်ပါတယ်။ ထို့အတူ တင်းကျပ်တဲ့ ကိုဗစ်- ၁၉ တားဆီးရေးဆောင်ရွက် ချက်တွေကိုလည်း ခရိုင် ၁၆ ခုအထိ ဖြန့်ကြက်ထားလိုက်ပါတယ်။ အဲဒီ ကိုဗစ်- ၁၉ အရေးပေါ်ကြေညာချက်နဲ့ တားဆီးရေးဆောင်ရွက်ချက်နှစ်ခုစလုံးဟာ စက်တင်ဘာ ၁၂ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။
ကူးစက်မှုမြင့်လာ  
နိုင်ငံတစ်ဝန်း  ကူးစက်မြန်ပြင်းထန် ဒယ်လ်တာကိုဗစ်- ၁၉    သန္ဓေပြောင်း မျိုးစိတ်သစ် ကူးစက်မှုမြင့်တက်လာပြီး နောက် အစိုးရက အခုလို  ဆောင်ရွက် လိုက်ခြင်းဖြစ်ပါတယ်။ သြဂုတ် ၂၀ ရက် မှာ နိုင်ငံတစ်ဝန်း ကိုဗစ်- ၁၉ ကူးစက် ဖြစ်ပွားသူအရေအတွက်ဟာ ၂၅၈၇၆ ဦး အထိရှိပြီး ကိုဗစ်- ၁၉ စတင်ဖြစ်ပွား ကတည်းက  တစ်ရက်တည်း  ကူးစက်မှု အမြင့်ဆုံး နေ့တစ်နေ့  ဖြစ်လာခဲ့ပါတယ်။ အဲဒီနေ့တစ်နေ့တည်းမှာပဲ တိုကျိုအစိုးရ က တိုကျိုရဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက်ဟာ ၅၄၀၅ ဦး ရှိကြောင်းအတည်ပြုဖော်ပြခဲ့ပါတယ်။ အခုအခါမှာ တော့  တိုကျိုမှာ ကိုဗစ်- ၁၉ ဖြစ်ပွားသူ အရေအတွက်ဟာ   ပထမဆုံးအကြိမ် အဖြစ် သုံးရက်ဆက်တိုက် ၅၀၀၀ ကျော် ရောက်ရှိလာခဲ့ပါတယ်။
နေအိမ်မှာပဲသေဆုံးကြ 
ကူးစက်မှုပြင်းထန်တဲ့    လူနာအရေ အတွက်လည်း မြင့်တက်လာခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ စနစ်ဟာ ပြိုလဲလုနီးနီး ဖြစ်နေတာကြောင့် တိုကျိုအနီးမှာရှိတဲ့ လူတွေဟာ ဆေးရုံတင်ဖို့တောင် မလွယ် ကူပါဘူး။ တချို့လူနာတွေဆို နေအိမ်မှာပဲ သေဆုံးကြရပါတယ်။
မကြာသေးမီက  ချီဘာခရိုင်မှာရှိတဲ့ ကိုဗစ်- ၁၉ ကူးစက်ခံထားရတဲ့ မိခင် လောင်းကို ဘယ်ဆေးရုံမှ  တင်လို့မရတဲ့ အတွက် မွေးကင်းစကလေးဟာ  သေဆုံး ခဲ့ရပါတယ်။ အဲဒီအမျိုးသမီးဟာကိုယ်ဝန် ရှစ်လအရောက်မှာ သွေးဆင်းပြီးနောက် လူနာတင်ယာဉ်ကို  အကူအညီတောင်းခဲ့ ပါတယ်။ သို့သော်လည်း  အရေးပေါ်အဖွဲ့ က   သူ့အတွက်    ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုရရှိအောင်  မစွမ်းဆောင် နိုင်ခဲ့တဲ့အတွက်   နေအိမ်မှာပဲ   ကလေး မွေးလိုက်ရပါတယ်။    အချိန်မတိုင်ခင် မွေးဖွားခဲ့တဲ့   ကလေးငယ်ကို   ဆေးရုံသို့ အလျင်အမြန်  ပို့ပေမယ့်လည်း   သူ့ကို အရေးပေါ်စောင့်ရှောက်မှုပေးဖို့ အလွန် နောက်ကျခဲ့ပါတယ်။
ခရိုင်ခုနစ်ခုပေါင်းထည့် 
ကိုဗစ်- ၁၉ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းလိုက်တဲ့ ခရိုင်ထဲကို  နောက်ထပ် ခရိုင်ခုနစ်ခု ပေါင်းထည့်လိုက်ပါတယ်။ အဲဒီပေါင်းထည့်လိုက်တဲ့    ခရိုင်တွေက တော့ အီဘရာကီ၊ တိုချီဂီ၊ ဂမ်မာ၊ ရှီဇူ အိုကာ၊ ကျိုတို၊  ယိုဂိုနဲ့  ဖူကူအိုမာတို့ပဲ ဖြစ်ပါတယ်။   ကိုဗစ်-  ၁၉ အရေးပေါ် ကြေညာခဲ့ပြီးတဲ့ ခရိုင်တွေအဖြစ် တိုကျို၊ ဆိုင်တာမာ၊ ကာနာဂါဝါ၊ ချီဘာ၊ အိုဆာကာ နဲ့  အိုကီနာဝါခရိုင်တွေ    ပါဝင်ပါတယ်။ အဲဒီပြဋ္ဌာန်းချက်က    စက်တင်ဘာ ၁၂ ရက်အထိ ကြာမြင့်မှာ  ဖြစ်ပါတယ်။
ဖြန့်ကြက်ကြေညာ 
ဒါ့အပြင်  အစိုးရဟာ   တင်းကျပ်တဲ့ ကိုဗစ်- ၁၉     ကာကွယ်တားဆီးရေး ဆောင်ရွက်ချက်ကို မီယာဂီ၊ ယာမာနာရှီ၊ တိုယာမာ၊ ဂီဖု၊ မီအီ၊ အိုကာယာမာ၊ ဟီရို ရှီးမား၊ ကာဂါဝါ၊ ဟီမီနဲ့  ကာဂိုရှီမာခရိုင် တွေကို ဖြန့်ကြက်ကြေညာထားပါတယ်။ တင်းကျပ်တဲ့   ကိုဗစ်- ၁၉ ကာကွယ် တားဆီးရေး   ဆောင်ရွက်ချက်ထဲမှာ အကျုံးဝင်ပြီးသား   ခရိုင်တွေကတော့ ဟော့ကိုင်းဒိုး၊ ဖူကူရှီးမား၊ အီရှီကာဝ၊ အိုင်ချီနဲ့ ကူမာမိုတိုခရိုင်တွေဖြစ်ပါတယ်။ အဲဒီကြေညာချက်လည်း စက်တင်ဘာ ၁၂ ရက်အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ကိုဗစ်- ၁၉ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းချက်နဲ့ တင်းကျပ်တဲ့ ကိုဗစ်- ၁၉ ကာကွယ်တားဆီးရေးဆောင်ရွက်ချက်တွေဟာ တိုကျိုအိုလံပစ်နဲ့   သြဂုတ်လ လယ် အားလပ်ရက်တွေကို ကာကွယ်ပေး ထားသလို သြဂုတ် ၂၄ ရက်မှာ ကျင်းပပြီး စက်တင်ဘာ   ၅ ရက်မှာ   ပြီးဆုံးမယ့် မသန်စွမ်း  အားကစားပြိုင်ပွဲကိုလည်း လွမ်းခြုံကာကွယ်မှု ပေးထားပါတယ်။
အပြင်ထွက်ခြင်းမှ ရှောင်ရှား
သြဂုတ် ၁၈ ရက်က  ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကျွမ်းကျင်သူများ အစည်း အဝေးကို ကျင်းပခဲ့ပါတယ်။ နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့  လက်ရှိအခြေအနေဟာ သဘာဝဘေးဒုက္ခအဆင့်ဖြစ်ပြီး  အသေ အပျောက်      များနိုင်တယ်ဆိုတာကို ပြည်သူတွေ      နားလည်သင့်တယ်လို့ ကျွမ်းကျင်သူတွေက     ပြောပါတယ်။ သူတို့က ပြည်သူတွေကို အပြင်ထွက်ခြင်း မှ ရှောင်ရှားကြဖို့နဲ့  မိမိကိုယ်နဲ့ မိသားစု ကိုကာကွယ်ဖို့  တတ်နိုင်သလောက် ခရီး မသွားကြဖို့ကိုလည်း   ကန့်သတ်တားဆီး ထားပါတယ်။
လှုပ်ရှားဆောင်ရွက်မှုကိုထိန်းချုပ်
ပြည်သူတွေရဲ့ လှုပ်ရှားဆောင်ရွက် မှုကို ထိန်းချုပ်ခြင်းဟာလည်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုကို  ထိန်းချုပ်တဲ့ နေရာမှာ အရေးပါတယ်လို့  အစိုးရက ပြောပါတယ်။ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွား မှုကို   ထိန်းချုပ်နိုင်ဖို့ စတိုးဆိုင်တွေနဲ့ စျေးဝယ်ကုန်တိုက်တွေကို  အဝင်အထွက် ကန့်သတ်စေခြင်း၊    ပြည်သူတွေကို   အပြင်ထွက်ခြင်းမှ  ရှောင်ရှားစေခြင်း၊     အလုပ်သမားများ   နေ့စဉ်အလုပ်သွား အလုပ်တက်   အခြေအနေကို  ၇၀ ရာခိုင် နှုန်းအထိ လျှော့ချပြီး နေအိမ်မှ အလုပ် လုပ်စေခြင်းများ  အပါအဝင် ကိုဗစ်- ၁၉ ထိန်းချုပ်ဆောင်ရွက်မှု  အတော်များများ ကို ပြုလုပ်ထားသင့်ပါတယ်။
အထူးဥပဒေရဲ့အစိတ်အပိုင်းတစ်ခု 
တင်းကျပ်တဲ့  ကိုဗစ်- ၁၉ ကာကွယ် တားဆီးရေး    ဆောင်ရွက်ချက်ဟာ ဖေဖော်ဝါရီလက  ပြဋ္ဌာန်းခဲ့တဲ့   အသစ် ပြင်ဆင်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်အထူး ဥပဒေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဲဒီဥပဒေဟာ သတ်မှတ်ထားတဲ့   ခရိုင် တွေမှာရှိတဲ့     အုပ်ချုပ်ရေးမှူးတွေကို ကိုဗစ်- ၁၉   အရေးပေါ်အခြေအနေ မကြေညာဘဲ  အထူးအခြေအနေများကို ပြုလုပ်ဆောင်ရွက်ခွင့် ပေးထားပါတယ်။ ဝန်ကြီးချုပ်က           ဘယ်ခရိုင်ကို ဘယ်လောက်ကြာကြာ အဲဒီအခြေအနေ ကို ပြဋ္ဌာန်းသွားမလဲဆိုတာကို ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။
ကိုဗစ်- ၁၉ အရေးပေါ်အခြေအနေက ခရိုင်တစ်ခုလုံးကို   လွှမ်းခြုံသွားတဲ့အခါ မှာတော့    အုပ်ချုပ်ရေးမှူးတွေအနေနဲ့ တင်းကျပ်တဲ့  ကိုဗစ်- ၁၉  တားဆီးရေး ဆောင်ရွက်ချက်ကို  တိကျတဲ့နေရာတွေ ကို   ဦးတည်ချက်ထားပြီး   ဆောင်ရွက် နိုင်ပါတယ်။
အရေးပေါ်အခြေအနေကြေညာနိုင်
အစိုးရရဲ့    သတိပေးချက်အဆင့် လေးဆင့်ရှိသည့်အနက်    အမြင့်ဆုံး အဆင့်ကို    ရောက်ရှိခဲ့မယ်ဆိုရင်တော့ ကိုဗစ်- ၁၉ အရေးပေါ်အခြေအနေကို ကြေညာနိုင်ပါတယ်။     တင်းကျပ်တဲ့ ကိုဗစ်- ၁၉    ကာကွယ်တားဆီးရေး ဆောင်ရွက်ချက်ဟာ အဆင့်သုံးနဲ့ညီမျှပါ တယ်။   သို့သော်လည်း   ကိုဗစ်- ၁၉ ကူးစက်မှုက ပြင်းထန်မယ်ဆိုရင်တော့ အဆင့်နှစ်မှာတင် ကိုဗစ်- ၁၉ ကာကွယ် တားဆီးရေးဆောင်ရွက်ချက်ကို  ပြဋ္ဌာန်း နိုင်ပါတယ်။
စီးပွားရေးလုပ်ငန်းများကို 
ပိတ်ဖို့တောင်းဆိုနိုင် 
တင်းကျပ်တဲ့ ကိုဗစ်- ၁၉ ကာကွယ် တားဆီးရေးဆောင်ရွက်ချက်နဲ့   အရေး ပေါ် အခြေအနေကြေညာချက်အောက်မှာ အုပ်ချုပ်ရေးမှူးများအနေနဲ့    စီးပွားရေး လုပ်ငန်းများကို    ပုံမှန်လည်ပတ်ချိန် လျှော့ချခြင်းတွေပြုလုပ်ဖို့   တောင်းဆို နိုင်ပါတယ်။   အကယ်၍  စီးပွားရေး လုပ်ငန်းတွေရဲ့     တောင်းဆိုချက်ကို မျက်ကွယ်ပြုခဲ့မယ်ဆိုပါက အုပ်ချုပ်ရေး မှူးများက အမိန့်တစ်ရပ်   တရားဝင် ထုတ်ပြန်နိုင်ပြီး    စီးပွားရေးလုပ်ငန်း နာမည်ကို လူထုကို အသိပေးနိုင်ပါတယ်။ ဒေသအရာရှိများအနေဖြင့် လုပ်ငန်းခွင်ကြည့်ရှုစစ်ဆေးခြင်းများကိုလည်း ခွင့်ပြု ပေးထားပါတယ်။  ကိုဗစ်- ၁၉ အရေးပေါ် အခြေအနေကြေညာခြင်းရဲ့အောက်မှာ   စီးပွားရေးလုပ်ငန်းများကိုပိတ်ဖို့  တောင်း ဆိုနိုင်ပါတယ်။
ဒဏ်ရိုက်သွားမယ် 
ခရိုင်အစိုးရအနေဖြင့်   လုပ်ငန်းခွင် ကြည့်ရှုစစ်ဆေးခြင်းကို     ငြင်းဆိုခြင်း သို့မဟုတ် အလုပ်ချိန်မလျော့တဲ့   စီးပွား ရေး လုပ်ငန်းတွေကို ဒဏ်ရိုက်နိုင်ပါတယ်။ တင်းကျပ်တဲ့     ကိုဗစ်-  ၁၉ တားဆီး ကာကွယ်ရေး     ဆောင်ရွက်ချက်ကို မလိုက်နာပါက      ယန်းနှစ်သိန်းခန့် ဒဏ်ရိုက်နိုင်ပါတယ်။       ကိုဗစ်- ၁၉ အရေးပေါ်ကြေညာခြင်းရဲ့     အောက်မှာ ဆိုရင်တော့   အမြင့်ဆုံး  ယန်းသုံးသိန်း အထိ ဒဏ်ရိုက်နိုင်ပါတယ်။      ။

အင်န်အိတ်ချ်ကေ