ဒုတိယဝန်ကြီးဦးရဲတင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြား

 

နေပြည်တော် အောက်တိုဘာ ၂၆


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး    ဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ မြို့နယ်ရုံး၊  ဟင်္သာတခရိုင်ရုံးနှင့် ဟင်္သာတမြို့     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား     ထပ်ဆင့်လွှင့် စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်   တွေ့ဆုံသည်။ မွန်းလွဲပိုင်းတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး   ဦးစီးဌာန အင်္ဂပူမြို့နယ်ရုံး၊     မြန်အောင် မြို့နယ်ရုံး၊  ကြံခင်းမြို့နယ်ရုံးနှင့် ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့နယ်ရုံးတို့ကို   ကြည့်ရှုစစ်ဆေး ၍ ဝန်ထမ်းများအားတွေ့ဆုံသည်။ 


ယနေ့နံနက်ပိုင်းတွင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ပြည်ခရိုင်ရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေး ကာ    ခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်း များ၊ ပေါက်ခေါင်းမြို့နယ်၊ သဲကုန်း  မြို့နယ်နှင့်    ရွှေတောင်မြို့နယ် တို့မှ  ဦးစီးမှူးများအား တွေ့ဆုံ ၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပြည်မြို့      ထပ်ဆင့်လွှင့်စက်ရုံ ကို  ကြည့်ရှုစစ်ဆေးပြီး  ဇုန်နယ်     တာဝန်ခံအပါအဝင် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။


မွန်းလွဲပိုင်းတွင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပေါင်းတည်မြို့နယ်ရုံး၊ နတ်တလင်း  မြို့နယ်ရုံး၊    ဇီးကုန်းမြို့နယ်ရုံး၊ ကြို့ပင်ကောက်မြို့နယ်ရုံး၊ အုတ်ဖို  မြို့နယ်ရုံးနှင့်   မင်းလှမြို့နယ်ရုံး တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း များနှင့်တွေ့ဆုံသည်။


ညနေပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သာယာဝတီခရိုင်ရုံးကို  ကြည့်ရှု စစ်ဆေး၍     ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။


ဒုတိယဝန်ကြီးက  ဝန်ထမ်း များနှင့်တွေ့ဆုံစဉ်     မိမိတို့၏ အဓိကတာဝန်ဖြစ်သည့် ပြန်ကြား ရေးနှင့်   အသိပညာပေးလုပ်ငန်း များကို      ထိရောက်အောင်မြင် အောင်ဆောင်ရွက်ကြရန်၊  ကျေးရွာ      စာကြည့်တိုက်များ      ရှင်သန်     တိုးတက်ရေး ညှိနှိုင်းဆောင်ရွက် ကြရန်၊ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးနှင့် အသိပညာဗဟုသုတ ပြန့်ပွားစေရေးကို  အလေးထား ဆောင်ရွက်ကြရန်၊   လူငယ်များ အကြား မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို    အလေးထား ပြီး      နိုင်ငံခြားယဉ်ကျေးမှုများ ထိုးဖောက်    ဝင်ရောက်လာမှုကို တားဆီးကာကွယ်ရေး အသိပညာ ပေးရန်။


 မကြာမီ     ကျရောက်မည့် အမျိုးသားနေ့၊  လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တို့တွင် ဦးတည် ချက်များနှင့်အညီ ကျင်းပနိုင်ရေး၊ အထိမ်းအမှတ်ပြပွဲ၊  ပြိုင်ပွဲများ၊ ဟောပြောပွဲ၊     ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးတို့ကို သက်ဆိုင်ရာ ဌာနများနှင့်ညှိနှိုင်း၍ ကျယ်ကျယ် ပြန့်ပြန့်      ဆောင်ရွက်ကြရန်၊ ကျောင်းသား     ကျောင်းသူများ နွေရာသီ    ကျောင်းပိတ်ရက်တွင် အားလပ်ရက် အလဟဿ  မဖြစ် စေရေး သင်တန်းများ ဖွင့်လှစ်နိုင် ရေး ကြိုတင်ပြင်ဆင်ထားကြရန်၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် အဓိဋ္ဌာန်နှင့်     ကျင့်ဝတ်များကို လိုက်နာပြီး    စည်းကမ်းပြည့်ဝ သော       တာဝန်ကျေပွန်သော ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန်၊ အဆောက်အဦနှင့် စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိ စေရေး အမြဲစစ်ဆေး ထိန်းသိမ်း ပြုပြင်ကြရန်၊      နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်  နေသည့်     ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ  အောင်မြင်ရေး ကို သက်ဆိုင်ရာဒေသအုပ်ချုပ်ရေး အဖွဲ့များ၊   ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍      အောင်မြင်အောင် ဆောင်ရွက်ကြရန်တို့ကို မှာကြား ပြီး ဝန်ထမ်းများ၏ ရုံးပိုင်းဆိုင်ရာ နှင့် ဝန်ထမ်းရေးရာတင်ပြချက်များ  ကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။      

ခရိုင်(ပြန်/ဆက်)