
ရန်ကုန် ဩဂုတ် ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ State Administration for Market Regulation ဌာန၊ ဝန်ကြီး Mr. LUO Wen ၏ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးမြို့တွင် စက်တင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည့် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေး ပိုင်းဆိုင်ရာ ညီလာခံ (The Fifth Quality Conference) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့မှ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွား သည်။
ပို့ဆောင်နှုတ်ဆက်
မြန်မာကိုယ်စားလှယ် အဖွဲ့ အား မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ် ဝန် Mr. Quyang Daobing နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ ဌာနအကြီးအကဲများက ရန်ကုန် ပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ညီလာခံအား အရည်အသွေးပြောင်းလဲတိုးတက်မှုနှင့် စီးပွား ရေး ပြန်လည်ကောင်းမွန်စေရေး ပူးပေါင်းဆောင်ရွက်မှု (Quality Evolution and Cooperation in Economic Recovery) ခေါင်းစဉ် ဖြင့် ကျင်းပမည်ဖြစ်ပြီး ညီလာခံ တွင် စီးပွားရေးနှင့် ကုန်သွယ်မှု၊ အရည်အသွေးပြည့်မီသည့် အခြေခံ အဆောက်အအုံများနှင့် စီးပွားရေး ဝန်းကျင် တည်ဆောက်နိုင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို အမြင်ချင်းဖလှယ် ညှိနှိုင်း ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်