ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်  ဒီဇင်ဘာ  ၆
တရုတ်နိုင်ငံ      ပေကျင်းမြို့တွင် ကျင်းပသည့်     (၈)ကြိမ်မြောက် မဲခေါင် - လန်ချန်း   နိုင်ငံခြားရေး ဝန်ကြီးများအဆင့် အစည်းအဝေး များ    ကာလအတွင်း     ဒုတိယ ဝန်ကြီးချုပ်နှင့်    နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တို့သည်  သီးခြား ဆွေးနွေးပွဲအဖြစ်    ယနေ့ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲတွင် ကျောက်ယွိထိုင်      နိုင်ငံတော် ဧည့်ဂေဟာ ၌ တွေ့ဆုံဆွေးနွေးကြ သည်။ 
ထိုသို့တွေ့ဆုံစဉ် အစဉ်အလာ အရ  တည်ရှိပြီးဖြစ်သည့် မြန်မာ-တရုတ်         ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအား ပိုမိုခိုင်မာစေရေး၊ မြန်မာ - တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်    ပိုးလမ်းမစီမံကိန်း အောက်မှ    ကျောက်ဖြူရေနက် ဆိပ်ကမ်း၊      တရုတ် - မြန်မာ မီးရထားလမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကွန်ရက်တည်ထောင်ရေး      အပါ အဝင်  အကျိုးတူပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ စီမံကိန်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ်  နှစ်နိုင်ငံ နယ်စပ် ဒေသတစ်လျှောက်  လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်း သွားရေးအပြင်     တရားမဝင် မူးယစ်ဆေးဝါး     ရောင်းဝယ် ဖောက်ကားမှု၊     လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ အမြစ် ပြတ် တိုက်ဖျက်သွားရေးအတွက် နှစ်ဖက်တရားဥပဒေ    စိုးမိုးရေး အဖွဲ့များအကြား    ပိုမိုနီးကပ်စွာ ဆက်လက်   ပူးပေါင်းဆောင်ရွက် သွားရေး၊   နှစ်နိုင်ငံဆက်ဆံရေး အပေါ်        ထိခိုက်စေနိုင်သည့်  သတင်းအမှားများကို    ဟန့်တား ထိန်းချုပ်သွားနိုင်ရန်     မီဒီယာ ကဏ္ဍတွင်    ပူးပေါင်းဆောင်ရွက် သွားရေးနှင့်   မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု  အပါအဝင် ဒေသတွင်းနှင့်     နိုင်ငံတကာ မျက်နှာစာများတွင်  ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ ရပ်များကို     ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
ထို့ပြင်   နှစ်နိုင်ငံ   ပြည်သူများ အကြား ယုံကြည်မှု၊ နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု  ပိုမိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့်  တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား    မြန်မာ နိုင်ငံသို့ သင့်လျော်မည့် အချိန်တွင် ပဉ္စမအကြိမ်မြောက်   ပင့်ဆောင် သွားနိုင်ရန်အတွက်     နှစ်ဖက် ဆွေးနွေးခဲ့သည်။ 
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက  မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ   တည်တံ့ခိုင်မြဲမှုတို့အပေါ် အစဉ်လေးစားမှုနှင့်         မြန်မာ့ ပြည်တွင်းရေးတွင်     ဝင်ရောက် စွက်ဖက်မှုမပြုခြင်းနှင့်    မြန်မာ နိုင်ငံနှင့်   ကိုက်ညီသည့်     ဖွံ့ဖြိုး တိုးတက်ရေး        လမ်းကြောင်း ရွေးချယ်မှုတို့အပေါ်    ထောက်ခံ လျက်ရှိသည့်     တရုတ်နိုင်ငံ၏  ရပ်တည်ချက်ကို      ထပ်လောင်း အတည်ပြုပြောကြားခဲ့သည်။      
သတင်းစဉ်