
နေပြည်တော် မေ ၉
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ် စတန်အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ ကာလရှည် ချစ်ကြည်ရင်းနှီးမှု နှင့် နှစ်နိုင်ငံမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ခိုင်မာစေရေး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံ အကြား ပညာရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍများ အပါအဝင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံ မှု တိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် အပြန်အလှန် နားလည်မှု၊ ထောက်ခံမှုတို့ဖြင့် ပိုမိုနီးကပ် စွာ ပူးပေါင်းဆောင်ရွက်သွားရေး စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်