
နေပြည်တော် ဧပြီ ၂၄
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့ မည့် ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ ကျုံမ် အန်းဗွီကြတ် (Mr.CHUM Angvichet) အား ယနေ့မွန်းလွဲ ၃ နာရီ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် မြန်မာ - ကမ္ဘောဒီးယား နှစ်နိုင်ငံ အကြား ရှိရင်းစွဲအစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ဖြစ်ပေါ် တိုးတက်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများ၊ အထူးသဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွား ကဏ္ဍနှင့် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှုအစရှိသည့် ကိစ္စရပ်များသာမက ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့ တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွား ရေးကိစ္စတို့အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်