ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်      ဇူလိုင်    ၁၀
ဒုတိယဝန်ကြီးချုပ်နှင့်   နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ  ခေါင်းဆောင်သည့်   မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ   ပြည်ပရေးရာဝန်ကြီး  ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာ ၏  ဖိတ်ကြားချက်အရ နယူးဒေလီမြို့၌ ကျင်းပမည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီး များ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ရန်  ယနေ့တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် အိန္ဒိယ နိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး    မစ္စတာ   အဘ်ဟေးတာကူးရ်နှင့်   နိုင်ငံခြားရေးဝန်ကြီးဌာနမှ    တာဝန်ရှိသူများက  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌    ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။                
သတင်းစဉ်