ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅


ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ထိုင်း-မြန်မာနှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှု၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးရေးဆောင်ရွက်နေမှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကို     အမြင်ချင်းဖလှယ်   ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။                                 

 သတင်းစဉ်