ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း “Safe ICT Services” စကားဝိုင်းအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်

 

နေပြည်တော် ဖေဖော်ဝါရီ ၁၇


ပို့ဆောင်ရေးနှင့်    ဆက်သွယ်ရေးဝန်ကြီးဌာန၏ “Safe ICT Services” စကားဝိုင်း အလုပ်ရုံဆွေးနွေး ပွဲ အခမ်းအနားကို ယနေ့  မွန်းလွဲပိုင်းတွင် နေပြည်  တော်ရှိ ရုံးအမှတ်  (၂)  အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 


အခမ်းအနား၌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက  ICT- In-formation  &  Communication  Technology ဝန်ဆောင်မှုကို    စိတ်ချစွာ    အသုံးပြုနိုင်ရေးနှင့် တိုးတက်ကောင်းမွန်လာစေရေးသည် နိုင်ငံတော်၏ Digital Economy    ဆောင်ရွက်ရေးအတွက် အရေးကြီးပါကြောင်း၊ မိမိတို့  နိုင်ငံအနေဖြင့်  ဒစ်ဂျစ် တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေ ရမည်ဖြစ်ကြောင်း၊ e-Government သည်  နိုင်ငံ တော်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသလို ဆိုက်ဘာလုံခြုံရေးသည်လည်း အထူးအရေး ကြီးလာပါကြောင်း၊   သတင်းမှားများ၊   ဆိုက်ဘာ အလွဲသုံးမှု၊ ဆိုက်ဘာမှုခင်းများကို တားဆီးကာကွယ် နိုင်ရေးအတွက် လိုအပ်သည့် ဥပဒေများပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းများ  ဆောင်ရွက်သွားရန်  လိုအပ်သလို တစ်ဖက်ကလည်း   နည်းပညာဖြင့်   ထိန်းကျောင်း ဆောင်ရွက်နိုင်ရေး လိုအပ်ပါကြောင်း၊ ဆောင်ရွက် နေသည့် ICT ဝန်ဆောင်မှုများကို ပကတိအခြေအနေ များအပေါ်   အခြေခံပြီး   မှန်မှန်ကန်ကန်  သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်မည့်  ရေရှည်တည်တံ့ပြီး  အမှီ အခိုကင်းသည့် ICT Services နှင့် e-Government Solution ကောင်းများ ပေါ်ထွက်လာစေရေးအတွက် ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ထို့ပြင် ICT Services များ အသုံးပြုရာတွင် ထုတ်ပြန်ထားသော Standard Operating Procedure   (SOP)    များနှင့်အညီ ဆောင်ရွက်သွားရန်   လိုအပ်ကြောင်း၊   လျင်မြန်စွာ ပြောင်းလဲနေသည့်   နည်းပညာနှင့်အတူ   လိုက်ပါ ဆောင်ရွက်နိုင်ရန်အတွက် လူ-ပစ္စည်း-နည်းပညာတို့ ဟန်ချက်ညီစွာ   တိုးတက်ရန်    လိုအပ်ပါကြောင်း၊ အရေးအကြီးဆုံးအနေဖြင့်    လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်ကြရန်နှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရန်       လိုအပ်ပါကြောင်း ပြောကြားသည်။

 


အဆိုပါ  စကားဝိုင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင် ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊  ဌာနဆိုင်ရာအကြီး အကဲများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ တို့မှ သတင်းအချက်အလက် နည်းပညာအရာရှိချုပ် (Chief Information Officer–CIO)   များနှင့် လက်ထောက် သတင်းအချက်အလက်နည်းပညာအရာရှိချုပ်(Assistant Chief Information Officer– ACIO)များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူ များက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

     သတင်းစဉ်