
နေပြည်တော် မတ် ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ယနေ့ မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ် (၈) မိုင်လမ်းဆုံအနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ် မှုဌာန၊ ဘုရင့်နောင် Data Center တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ် (၈)မိုင်လမ်းဆုံ အနီးရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဝန်ဆောင်မှုဌာန နှင့် လုပ်ငန်းလည်ပတ်မှုဌာနသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ ၌ တာဝန်ရှိသူများက ဌာန အလိုက် လုပ်ငန်းဆောင်ရွက်မှု၊ ဆက်သွယ်မှု မပြတ်တောက်စေ ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆက် သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း သည် ပြည်သူများ၏ နေ့စဉ် လူမှုဘဝအတွက် အလွန်အရေး ကြီးပါကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ချို့ယွင်းမှုများ ဖြစ်ပေါ်ပါက ဝန်ဆောင်မှုများ ပြတ်တောက်မှုမရှိစေရေးအတွက် လိုအပ်သည့် အရန်စနစ်များ၊ အရန်ဆက်ကြောင်းများ၊ အရန် စက်ပစ္စည်းများ အဆင်သင့် ဖြစ်စေရေး တပ်ဆင်တည်ဆောက် ထားရှိရန် လိုအပ်ကြောင်း၊ မီးဘေးအန္တရာယ်များ မဖြစ်ပေါ် စေရေးအတွက်လည်း လိုအပ် သည့် ကြိုတင်ပြင်ဆင်မှုများ ထားရှိရန် လိုအပ်သကဲ့သို့ ဖြစ်ပေါ် လာပါကလည်း စနစ်တကျ ငြှိမ်းသတ်မှု ဆောင်ရွက်နိုင်ရန် လိုအပ်သော မီးငြှိမ်းသတ်ရေး ပစ္စည်းများ အဆင်သင့်ထားရှိရန် နှင့် လက်တွေ့သုံးစွဲနိုင်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့် ထားရှိမှုများလည်း လိုအပ်မည် ဖြစ်ကြောင်း မှာကြားသည်။
ထို့အပြင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းတစ်ရပ် ဖြစ်သဖြင့် နိုင်ငံတော်အတွက် ဝင်ငွေ တိုးမြှင့်ရရှိရေးကို အထူးကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်၏ ဆက်သွယ် ရေး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင် ရေး အစဉ်ကြိုးပမ်းဆောင် ရွက်သွားရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးသည် ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်း လည်ပတ်မှုဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှု ၊ စက်ပစ္စည်းများ တပ်ဆင်အသုံးပြု ဆောင်ရွက်ထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ် ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဘုရင့်နောင် Data Center သို့ ရောက်ရှိရာ တာဝန်ရှိသူများက အသစ်တည်ဆောက် တပ်ဆင် ထားသည့် Data Center နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယနေ့ ခေတ်သည် သတင်းအချက် အလက် နည်းပညာခေတ် ဖြစ်သည်နှင့်အညီ Data အသုံးပြု မှုများ တိုးတက်လျက်ရှိကြောင်း၊ Data အချက်အလက်များကို ၂၄ နာရီ ပြတ်တောက်မှုမရှိစေဘဲ အသုံးပြုရရှိနိုင်ရေး ထိရောက် သော ဝန်ဆောင်မှုပေးရန် လိုအပ် ကြောင်း၊ အချက်အလက်များ၏ လုံခြုံရေးနှင့် Data Center ၏ လုံခြုံရေးစနစ်ကို အဆင့်မြင့်စွာ စီမံဆောင်ရွက်ထားရှိရန် လိုအပ် ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေး၊ စီမံအုပ်ချုပ်ရေး၊ လူမှုရေးကဏ္ဍ အသီးသီးအတွက် အနာဂတ်တွင် Data Center သုံးစွဲမှု ပိုမိုလိုအပ်လာနိုင်မည်ကိုပါ ထည့်သွင်းစဉ်းစား သုံးသပ်ဆောင် ရွက်ရန်ဖြစ်ကြောင်း၊ စက်ပစ္စည်း များ အစဉ်ကောင်းမွန်စေရေး အတွက် လိုအပ်သည့် ပြုပြင် ထိန်းသိမ်းမှုများကို သတ်မှတ် ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း မှာကြားခဲ့ပြီး တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းများကို စားသောက်ဖွယ် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်