ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   ဧပြီ   ၂၄


မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ    အစည်း အဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန   ညီလာခံ ခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ  ဗဟို ကော်မတီဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး မြထွန်းဦး    တက်ရောက်အမှာစကား ပြောကြားသည်။ 
အစည်းအဝေးသို့    ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ   စီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ၊ ကော်မတီဝင်  ဒုတိယ ဝန်ကြီးများ၊  ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြပြီး    မူပိုင်ခွင့်ဆိုင်ရာ   ပညာရှင်များ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူ များက       ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ မူပိုင်ခွင့်ဆိုင်ရာ  ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဖွင့် အမှာစကားပြောကြားပြီး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ    စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံက  မူပိုင်ခွင့်စနစ်ဖွံ့ဖြိုး တိုးတက်စေရေးအတွက်   ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်       ဗဟိုကော်မတီအတွင်း ရေးမှူး   ဒုတိယဝန်ကြီး  ဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ(၂/၂၀၂၃)ကြိမ်မြောက်  အစည်းအဝေးဆုံးဖြတ်ချက် များအပေါ်      အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု    အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်  ဗဟိုကော်မတီတွဲဖက် အတွင်းရေးမှူး    ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ  အစည်းအဝေး (၁/၂၀၂၄) သို့ တင်ပြသည့် အမှာစာများကို ဖတ်ကြား တင်ပြသည်။
ဆက်လက်၍  ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ဝါဝါမောင်၊    ဦးရဲတင့်၊    ဒေါက်တာ အောင်ကြီး၊  ဦးရင်မောင်ညွန့်၊  ဒေါက်တာ ဇော်မြင့်၊   ဒေါက်တာ အောင်ဇေယျနှင့် တာဝန်ရှိသူများက   သက်ဆိုင်ရာဝန်ကြီး ဌာနအလိုက်       မူပိုင်ခွင့်ဆိုင်ရာများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ထို့နောက်    ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်    ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း     ဆောင်ရွက်ပေးကာ မူပိုင်ခွင့်ဆိုင်ရာ  ဗဟိုကော်မတီ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်   (မူကြမ်း) ကို အတည်ပြုသည်။
ယင်းနောက်  ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်     ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်