ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး Global Sustainable Transport. Forum သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်   စက်တင်ဘာ ၂၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဝင်၊     ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး          မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ   ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Li Xiaopeng ၏ ဖိတ်ကြားမှုအရ စက်တင်ဘာ၂၅ ရက်မှ ၂၆ ရက်အထိ   တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ ၌   ကျင်းပပြုလုပ်မည့်   Global Sustainable Transport. Forum သို့ တက်ရောက်ရန် ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံ သို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားသည်။


အဆိုပါ ပြည်ထောင်စုဝန်ကြီး နှင့်ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန် တိုင်းဒေသကြီး       ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး    အစိုးရ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ  တာဝန်ရှိသူများနှင့်   ဝန်ကြီး ဌာနမှတာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ   လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။


ခရီးစဉ်တွင်    ဒုတိယဝန်ကြီး ချုပ်နှင့်အတူ ကုန်းလမ်းပို့ဆောင် ရေး   ညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့မီးရထားတို့မှ ဌာနအကြီး အကဲများနှင့် အဆင့်မြင့်အရာရှိ ကြီးများ လိုက်ပါသွားကြကြောင်း သိရသည်။                

သတင်းစဉ်