ဒုတိယဝန်ကြီး ဦးဝင်းရှိန် ဟိုတယ်အလုပ်အကိုင်ဆိုင်ရာ သင်တန်းနှင့် ဂဟေလုပ်သားကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်နေမှုကို ကြည့်ရှုအားပေး

ရန်ကုန်   ဩဂုတ်   ၂၈
အလုပ်သမားဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး  ဦးဝင်းရှိန်သည်  ယနေ့ နံနက်ပိုင်းတွင် တောင်ဒဂုံမြို့နယ် ရှိ    Arbourfield Assessment Center    ၌    ဂဟေလုပ်သား Level-1၊ Level-2 အလုပ်အကိုင် အတွက် ဖြေဆိုသူများကို ကျွမ်းကျင် မှု       စစ်ဆေးအကဲဖြတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး(ယာပုံ)ရန်ကင်း မြို့နယ်ရှိ  Athean Community College တွင်   ဟိုတယ်အလုပ် အကိုင်နှင့်ပတ်သက်၍  သင်တန်း များ ဖွင့်လှစ်ပို့ချနေမှုကို သွားရောက် အားပေးသည်။
ကြည့်ရှုစစ်ဆေးစဉ်  ဒုတိယ ဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု   စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့  (NSSA)   ၏ ရည်ရွယ်ချက်နှင့်အညီ မြန်မာနိုင်ငံ ၏         လုပ်သားဈေးကွက်နှင့် ကိုက်ညီမည့်  အလုပ်အကိုင်များ အတွက် လိုအပ်သည့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှုသင်တန်းများပေး၍ အသိအမှတ်ပြု       လက်မှတ်များ ထုတ်ပေးနိုင်ရေး        အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့် ဆိုင်   ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ   ၂၀၁၄  ခုနှစ်မှ  ယနေ့ထိ အလုပ်အကိုင်   ၅၂ မျိုးအတွက် စစ်ဆေးအကဲဖြတ်ရေးဌာနများ တည်ထောင်၍    စစ်ဆေးရေးမှူး နှင့်        စစ်ဆေးအကဲဖြတ်သူများ တာဝန်ပေးအပ်ကာ   ဘဏ္ဍာရေး နှစ်အလိုက် စစ်ဆေးအကဲဖြတ်မှု များ ဆောင်ရွက်ပေးခဲ့ကြောင်း။
ပွင့်လင်းရာသီတွင်    မြန်မာ နိုင်ငံအတွင်းသို့    နိုင်ငံခြားသား ခရီးသွားများ လာရောက်တည်းခို ချိန်တွင်     ဟိုတယ်အသီးသီးရှိ လုပ်သားများအနေဖြင့်  မိမိတို့၏ ကျွမ်းကျင်မှုများကို အကောင်းဆုံး ပြသရန်လိုကြောင်း၊     အလားတူ စက်မှုလုပ်ငန်းများရှိ  ဂဟေလုပ်သား များအနေဖြင့်လည်း အကောင်းဆုံး စွမ်းဆောင်မှုပြသ၍ မိမိတို့အသက် မွေးဝမ်းကျောင်း      အဆင်ပြေ        ချောမွေ့စေရေး    အလေးထား ဆောင်ရွက်ပေးရန်နှင့်      လုပ်ဖော် ကိုင်ဖက်လုပ်သားများကို    အလုပ် အကိုင်အလိုက်    ကျွမ်းကျင်မှု     အသိအမှတ်ပြုလက်မှတ်      ရယူ ထားနိုင်ရေး       လက်ဆင့်ကမ်း ပြောကြားပေးရန်      မှာကြားခဲ့ ကြောင်း သိရသည်။  
သတင်းစဉ်