ဒုတိယဝန်ကြီး ဦးဝင်းရှိန် ဂဟေဆက်သင်တန်းနှင့် ငြမ်းဆင်သင်တန်း ဖွင့်လှစ်ပို့ချမှုများ ကြည့်ရှုအားပေး

 

ရန်ကုန်  စက်တင်ဘာ  ၂၂


အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်သည် အလုပ် သမားရေးရာ  ဆက်ဆံရေးဦးစီး ဌာန      ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း၊ တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  မှော်ဘီ မြို့နယ်  ဆပ်သွားတောကျေးရွာ အုပ်စု ရှမ်းကုန်းရွာ ဓမ္မာရုံလမ်း အမှတ် (၂၂၈) ရှိ    အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန   အသိ အမှတ်ပြု Khaing & Kyaw Services  Company   Limited   ၏   မိရအိ   အလုပ်အကိုင်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်၍      ဂဟေဆက် သင်တန်းနှင့် ငြမ်းဆင်သင်တန်း ဖွင့်လှစ်ပို့ချမှုများကို    ကြည့်ရှု အားပေးသည်။


ယင်းနောက်       မင်္ဂလာဒုံ မြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက် ချင်းတွင်းလမ်း၊ အမှတ် (၃)  ရှိ Today Top Star   ကျွမ်းကျင်မှု လေ့ကျင့်ရေး  သင်တန်းကျောင်း ကို ရောက်ရှိပြီး စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ သင်ထောက် ကူပစ္စည်းများ၊ စက်ပစ္စည်းများနှင့် လက်သုံးပစ္စည်းများနှင့် သင်တန်း များဖွင့်လှစ်နိုင်ရေး  ပြင်ဆင်ထား ရှိမှု၊ မရမ်းကုန်းမြို့နယ် ဇေယျာ ခေမာလမ်း ၆ ရပ်ကွက် အမှတ် ၆၄ (E) ရှိ   Kabar   Training Center ၌  Pipe   Fitting  နှင့် System Formwork သင်တန်းများ ဖွင့်လှစ်ပို့ချမှုများကို   ကြည့်ရှု အားပေးသည်။


ဒုတိယဝန်ကြီးက  သင်တန်း ကျောင်းများကို ကြည့်ရှုစစ်ဆေး စဉ် လေ့ကျင့်ရေးနည်းစနစ်များ သည်  လက်တွေ့လုပ်ငန်းခွင်နှင့် လိုက်လျောညီထွေမှု   ရှိစေရန်၊ သင်တန်းဆင်းများကို  အလုပ် အကိုင်အခွင့်အလမ်း  ရရှိနိုင်ရေး ချိတ်ဆက်  ဆောင်ရွက်ပေးရန်၊ ဦးစီးဌာနက    လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်   ရှိ ကြောင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေး    လုပ်ငန်းစဉ် သည် ကာယဉာဏလုပ်သားများ အတွက် လူ့ဂုဏ်သိက္ခာကို တန်ဖိုး မြင့်မားစေသဖြင့်    တာဝန်ရှိသူ များက   သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များနှင့်    ပူးပေါင်း၍ အားသွန်ခွန်စိုက်      ကြိုးပမ်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။                

သတင်းစဉ်