
ရန်ကုန် မတ် ၂၄
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့ က အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလုပ်သမားရေးရာ ဌာနများမှ တာဝန်ရှိသူများနှင့် လှိုင်သာယာမြို့နယ်ရှိ Myanmar LYN CAPS Co.,Ltd ဦးထုပ် စက်ရုံနှင့် Newtop Lotus Co.,Ltd အထည်ချုပ်စက်ရုံသို့ သွားရောက် ပြီး လုပ်ငန်းခွင်အတွင်း စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်၍ အရည်အသွေးမြှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင် ရေး ကြည့်ရှုအားပေးသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့အား စက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများနှင့် အလုပ် သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များက လုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကာ ဒုတိယဝန်ကြီး က လုပ်ငန်းခွင်တည်ငြိမ်အေးချမ်း ရန် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန် မှုသည် အဓိကကျပြီး အရည် အသွေးမီ ထုတ်ကုန်များ အချိန်မီ ထုတ်လုပ်နိုင်ရေး ကျွမ်းကျင် လုပ်သားများ၏ စွမ်းဆောင်မှု သည် အဓိကမောင်းနှင်အားဖြစ် သည်ကို ကောင်းစွာသိရှိနားလည် ပြီး ကြီးကြပ်ရေးမှူးများကို သင့်တင့်မျှတသော လုပ်ငန်းခွင် ဆက်ဆံရေး တည်ဆောက်ရန် အားပေးကာ အလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင်စည်းကမ်း များကို အလေးထားလေးစား လိုက်နာဆောင်ရွက်ရန်၊ စက်ရုံ အတွင်းရှိ သတ်မှတ်အဆင့်မီသူ များကို ကျွမ်းကျင်မှု အသိအမှတ် ပြုလက်မှတ်များ ရယူနိုင်ရေး အားပေးဆောင်ရွက်ရန်၊ လုပ်ငန်း ခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက် မှုနှင့် လုပ်ငန်းခွင် ရောဂါရရှိခံစား မှု လျော့နည်းကျဆင်းစေရေး၊ ဦးစီးဌာန၏ အမိန့်နှင့် ညွှန်ကြား ချက်များ၊ စစ်ဆေးရေး အရာရှိ များ၏ အကြံပြုချက်များကို ကောင်းစွာ သိရှိလိုက်နာဆောင် ရွက်ရန်၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေ ရေး၊ အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်သမား အဖွဲ့အစည်းများ သည် အလုပ်ရှင်များနှင့် စဉ်ဆက် မပြတ် ထိတွေ့ပြီး မျှတသည့် အလုပ်သမားရေးရာ ဆက်ဆံမှု ရှိရမည်ဖြစ်ကြောင်း ဆွေးနွေး မှာကြား၍ အလုပ်သမားကိုယ်စား လှယ်များ၏ တင်ပြချက်များကို စက်ရုံ၊ အလုပ်ရုံတာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်ပေး၍ စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်