ဒုတိယဝန်ကြီး ဦးဝင်းဖေ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် - မောင်းမကန်လမ်း AC ကတ္တရာခင်းခြင်းလုပ်ငန်းပြီးစီးမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်    ၂၄


ဆောက်လုပ်ရေး    ဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းက   ထားဝယ်- မောင်းမကန်လမ်း  AC ကတ္တရာ ခင်းခြင်း     လုပ်ငန်းပြီးစီးမှုနှင့် ထားဝယ်မြို့ရှိ  သာသနာရေးနှင့်     ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်း  သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန  ထားဝယ်စာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှုတို့ကို ကြည့်ရှု  စစ်ဆေးသည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်  ၁၁  မိုင်  ၂  ဖာလုံ အရှည်ရှိ   ထားဝယ် - မောင်းမ  ကန်လမ်း၌ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာ ရေးနှစ်အတွင်း မိုင်(၁/၃ နှင့် ၄/၅) ကြား   ၁ မိုင်  ၄  ဖာလုံ  AC ကတ္တရာလမ်း ဆောင်ရွက်ပြီးစီးမှု ကိုကြည့်ရှုစစ်ဆေးရာ လမ်းဦးစီး ဌာန ထားဝယ်ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး    (မြို့ပြ)  က လမ်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက ထားဝယ် - မောင်းမ  ကန်လမ်းသည်    ထားဝယ်နှင့် မောင်းမကန်          ကမ်းခြေသို့ ဆက်သွယ်ထားသော လမ်းဖြစ်၍ ပြည်သူများလွယ်ကူစွာ သွားလာ နိုင်ရန်နှင့်    ထားဝယ်     (SEZ)  သို့လည်း     ထိုလမ်းမှတစ်ဆင့်  ဆက်သွယ်    သွားလာနိုင်သည့် အတွက် လိုအပ်သောလမ်းပိုင်းများ ကို   ကုန်တင်ယာဉ်များ   အသုံး ပြုနိုင်သည့်    လမ်းအဆင့်အထိ လျာထား     ဆောင်ရွက်ရန်တို့ကို မှာကြားသည်။ 

 


ထို့နောက်  ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ထားဝယ်စာကြည့်တိုက် သို့   သွားရောက်ခဲ့ရာ တာဝန်ခံ အင်ဂျင်နီယာ      လက်ထောက်  ညွှန်ကြားရေးမှူး   (မြို့ပြ)  က  လုပ်ငန်း         ဆောင်ရွက်နေမှုကို  ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး  က         ဘဏ္ဍာရေးနှစ်အလိုက်  လုပ်ငန်းများ  ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ      လုပ်ငန်းများ နှင့်    ဆက်လက်ဆောင်ရွက်ရန်  ကျန်လုပ်ငန်းများကို    စီမံချက် ရေးဆွဲဆောင်ရွက်ရန်၊ သတ်မှတ် ချိန်ပြီးစီးရေး၊  လက်ရာသေသပ် ကောင်းမွန်ရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အဆောက် အအုံလွှဲပြောင်းရာတွင် စနစ်တကျ မှတ်တမ်းများဖြင့်   လွှဲပြောင်းနိုင်  ရေး၊     အလေးထားဆောင်ရွက် ရန်မှာကြားပြီး         စာကြည့်တိုက် အတွင်း     လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်