
နေပြည်တော် နိုဝင်ဘာ ၁၅
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)အား သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ် သည်များ မှာကြားသည်။
ဒုတိယဝန်ကြီးအား စက်ရုံ အစည်းအဝေးခန်းမ၌ စက်ရုံမှူး နှင့် တာဝန်ရှိသူများက နည်းပညာ ဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ (Technical Audit Team ၏ Overview Report)အရ ဆောင်ရွက်ရမည့်လုပ်ငန်း ၄၆၁ ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်း (Remaining Work) ၁၉၁ ချက် အပေါ် ဆောင်ရွက်ပြီးစီးမှု၊ Danieli Co., Ltd ၏ နည်းပညာ ဆိုင်ရာ အစီရင်ခံစာ (Danieli Technical Report) ပါ အချက် အလက်များအပေါ် ဆောင်ရွက်မှု ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်းအသုံး စရိတ်ဖြင့် ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက စက်ရုံလည်ပတ်နိုင်ရေး အတွက် ဦးစားပေး ဆောင်ရွက်ရ မည့် လုပ်ငန်းများကို၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီး အောင်ဆောင်ရွက်ရန်၊ ရရှိသည့် ဘဏ္ဍာရန်ပုံငွေများ လေလွင့် ဆုံးရှုံးမှု မရှိစေရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ် ဆောင်ရွက်ရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့်ညွှန်ကြား ချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ငွေသုံးစွဲမှု များနှင့်ပတ်သက်၍ လုပ်ငန်း ခေါင်းစဉ် တစ်ခုချင်းအလိုက် အသေးစိတ် တွက်ချက်ဆောင် ရွက်ရန်နှင့် ဆောင်ရွက်ပြီးပါက ဖြစ်ပေါ်လာမည့် အကျိုးရလဒ်များ ကိုလည်း ပြုစုထားရန်၊ ခေတ်မီ နည်းပညာများ ရရှိရေးဆောင် ရွက်ရန်၊ ကိုင်တွယ်မောင်းနှင်ရ မည့် စက်ပစ္စည်း ကိရိယာများနှင့် ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်အောင် စဉ်ဆက် မပြတ် လေ့လာသင်ယူရန်၊ အလုပ်ရုံခွဲအလိုက် ပြုပြင်ပြီးဖြစ် သည့် စက်ပစ္စည်းကိရိယာများကို စမ်းသပ်မောင်းနှင်ရန်နှင့် အမြဲ မပြတ် စစ်ဆေးဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် စက်ရုံအတွင်းရှိ Iron Ore Sizing Plant ၌ ဝန်ဖြင့် စက် စမ်းသပ်လည်ပတ် ဆောင်ရွက်နေ မှု၊ စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုအလုပ်ရုံတွင် ပိုက်လိုင်းတပ်ဆင်မှု လုပ်ငန်း ဆောင်ရွက်နေမှု၊ စွန့်ပစ်အပူ သုံးစက် ရေနွေးအိုး၏ အမိုး အကာလုပ်ငန်း ဆောင်ရွက်နေမှု၊ သံသတ္တုရိုင်း ပြုပြင်ရေးအလုပ်ရုံမှ စွန့်ပစ်ရေအနည်ချကန်၌ ရေဝင် ရောက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်