ဒုတိယဝန်ကြီး ဦးရဲတင့် ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်ရုံးတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ

 

မိတ္ထီလာ    မတ်    ၁၄


ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး    ဦးရဲတင့်သည်    ယနေ့ နံနက်ပိုင်းက    ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးသို့     ရောက်ရှိပြီး  စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေး ကာ ခရိုင်လက်ထောက်ညွှန်ကြား ရေးမှူးနှင့်        ဝန်ထမ်းများအား တွေ့ဆုံသည်။  ထို့နောက် ခရိုင်ရုံး တွင် စေတနာဆရာမနှင့် ပူးပေါင်း ဖွင့်လှစ်ထားသော နွေရာသီဂျပန် စကားပြောသင်တန်း  တက်ရောက် နေသည့် ကျောင်းသူ ကျောင်းသား များအား တွေ့ဆုံပြီး အသိပညာဗဟု သုတ      ရှာဖွေဆည်းပူးရေးနှင့်      စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။

 


ထို့နောက် ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်    တွေ့ဆုံသည်။ ယင်းနောက် မြို့နယ်ရုံးတွင် မြို့နယ် ကြက်ခြေနီ       သူနာပြုတပ်ဖွဲ့နှင့် ညှိနှိုင်းဖွင့်လှစ်ထားသော ရှေးဦး သူနာပြုစုနည်း           သင်တန်းကို ကြည့်ရှုပြီး     နည်းပြကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ၊ သင်တန်း သား သင်တန်းသူများအား တွေ့ဆုံ ၍  ပညာကို ကြိုးစားသင်ယူရေး၊ လူမှုရေးရာ        ကိစ္စရပ်များတွင် စိတ်ပါဝင်စားရေးနှင့် ပတ်သက်၍ မှာကြားသည်။

 


မွန်းလွဲပိုင်းတွင်        ဒုတိယ ဝန်ကြီးသည်          မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးသို့  ရောက်ရှိပြီး  မြို့နယ်          မြန်မာ့ရိုးရာသိုင်း ဆပ်ကော်မတီနှင့် ပူးပေါင်းဖွင့်လှစ် ထားသော    အခြေခံသိုင်းပညာ သင်တန်း၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ် ထားသော    Fitness    Dance သင်တန်းတို့ကိုကြည့်ရှုပြီး သင်တန်း နည်းပြများ၊ သင်တန်းသူ သင်တန်း သား၊ ကျောင်းသူ ကျောင်းသားများ အား   တွေ့ဆုံ၍   ဗလငါးတန်နှင့် ပြည့်ဝသော ပညာတတ်   လူတော် လူကောင်းများဖြစ်အောင်  ကြိုးစား ကြရန်မှာကြားသည်။

 


ထို့နောက်      မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန       လက်ထောက် ညွှန်ကြားရေးမှူးနှင့်       ခရိုင်ရုံး ဝန်ထမ်းများ၊ သာစည်မြို့နယ်နှင့်  မလှိုင်မြို့နယ်တို့မှ ဦးစီးမှူးများ၊ မြန်မာ့ရုပ်မြင်သံကြား    ထပ်ဆင့် လွှင့်စက်ရုံမှူးတို့အား    တွေ့ဆုံ သည်။

 


ဒုတိယဝန်ကြီးက   ဝန်ထမ်း များနှင့်   တွေ့ဆုံစဉ်    နွေရာသီ ကာလ ကျောင်းပိတ်ရက်ကာလ အတွင်း     လူငယ်များအတွက် အသိပညာပေး    လုပ်ငန်းများနှင့် သင်တန်းများ ဖွင့်လှစ်သင်ကြား ရေး၊     ဝန်ထမ်းသစ္စာ      အဓိဋ္ဌာန် ၆ ချက်နှင့်အညီ ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးစားလုပ်ကိုင် ကြရေး၊    နွေရာသီဖြစ်၍     ရုံး အဆောက်အအုံများ       မီးဘေး အန္တရာယ်      ကာကွယ်ရေးတို့ကို မှာကြားသည်။


မိတ္ထီလာခရိုင်(ပြန်/ဆက်)