ဒုတိယဝန်ကြီး ဦးရဲတင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မန္တလေး   ဖေဖော်ဝါရီ   ၂၂


ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး   ဦးရဲတင့်သည်    ယနေ့ နံနက်ပိုင်းတွင်    ပြင်ဦးလွင်မြို့ မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့   ရောက်ရှိ စစ်ဆေးပြီး စက်ရုံမှူးနှင့်ဝန်ထမ်း များအား လိုအပ်သည်များ မှာကြား သည်။


ထို့နောက်    ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများ     ထပ်ဆင့်လွှင့် စက်ရုံမှူးနှင့်    ဝန်ထမ်းများအား တွေ့ဆုံ၍   လုပ်ငန်းဆိုင်ရာများ မှာကြားပြီး ခရိုင်ပြည်သူ့စာကြည့် တိုက်ကို      ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး သည်   မန္တလေးမြို့    ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊  အထက် မြန်မာပြည်အစိုးရပုံနှိပ်စက်ရုံသို့ရောက်ရှိပြီး    ဝန်ထမ်းများနှင့် တွေ့ဆုံကာ    လိုအပ်သည်များ မှာကြား၍  ကျောင်းသုံးစာအုပ် များ ပုံနှိပ်ထုတ်လုပ်မှုကို  ကြည့်ရှု စစ်ဆေးကာ  ပုံနှိပ်အရည်အသွေး ကောင်းရေး၊ နောင်တွင် စွမ်းအား ပြည့်ပုံနှိပ်နိုင်ရေးအတွက် ဝန်ထမ်း အင်အား၊ စက်ပစ္စည်းများ   ထိန်း သိမ်းရေးနှင့်    လိုအပ်သည်များ ပြင်ဆင် ဆောင်ရွက်ထားရေးတို့ကို မှာကြားသည်။


ယင်းနောက်   မန္တလေးတိုင်း ဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၌   တိုင်း ဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး နှင့် မြို့နယ်ဦးစီးမှူးများ၊ မြန်မာ့ အသံနှင့်  ရုပ်မြင်သံကြားသတင်း ဌာနခွဲမှ ဝန်ထမ်းများ၊   ထပ်ဆင့် လွှင့်စက်ရုံ   စစ်ကိုင်းဇုန်နယ်မှူး၊ သတင်းနှင့်   စာနယ်ဇင်းလုပ်ငန်း၊ ကိုယ်ပွား        သတင်းစာတိုက်မှ စာတည်းမှူးချုပ်နှင့် တာဝန်ရှိသူ များအား   တွေ့ဆုံ၍   လုပ်ငန်း ဆိုင်ရာများ မှာကြားသည်။


ထို့နောက်    စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်နှင့် စာပေ ဗိမာန်    စာအုပ်အရောင်းဆိုင်၊ အောင်မြေသာစံမြို့နယ် ပြန်ကြား ရေးနှင့်    ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးကို  ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားသည်။


ဒုတိယဝန်ကြီးက   ဝန်ထမ်း များအား တွေ့ဆုံမှာကြားရာတွင် လူငယ်အသိပညာပေး   လုပ်ငန်း များ  အရှိန်အဟုန်မပျက်ဆောင် ရွက်ရေး၊  နွေရာသီကျောင်းပိတ် ရက်အတွင်း ကျောင်းသား ကျောင်း သူများအား ဗလငါးတန်ဖွံ့ဖြိုးရေး အတွက် သင်တန်းများဖွင့်လှစ်နိုင် ရန်  သက်ဆိုင်ရာများနှင့်   တင်ပြ ညှိနှိုင်းဆောင်ရွက်ရေး၊ စစ်မှုထမ်း ဥပဒေအာဏာတည်သည့် အမိန့် ထုတ်ပြန်ခြင်းအပေါ် မီဒီယာများမှ အဖျက်အမှောင့်  ကောလာဟလ ထုတ်ပြန်မှုများကြောင့်   ပြည်သူ လူထု စိုးရိမ်ပူပန်မှုမရှိရေးအတွက် တတ်နိုင်သည့်ဘက်မှ   ရှင်းလင်း ဆွေးနွေးကြရေးနှင့် ဝန်ထမ်းရေးရာ ကိစ္စများ၊ လုံခြုံရေးကိစ္စများ ဂရုပြု ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ သည်။                    

သတင်းစဉ်
ဓာတ်ပုံ-မြင့်မော်ထွန်း(ပြန်/ဆက်)