ဒုတိယဝန်ကြီး ဦးရဲတင့် စစ်တွေမြို့ရှိ ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

စစ်တွေ   မေ   ၁၉


ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးရဲတင့်သည်      ယနေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ  မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ ရောက်ရှိ ပြီး မုန်တိုင်းဒဏ်ကြောင့် ပြိုလဲသွားသော မီတာ ၁၀၀  တာဝါတိုင်ကို    ရှင်းလင်း ဖျက်သိမ်းရေး၊ စက်ရုံအမိုးများ ပြန်လည် မိုးရေး၊ စက်ပစ္စည်းများ ထိခိုက်ပျက်စီးမှု မရှိအောင် ဖုံးအုပ်ထားရေးတို့ကို အင်ဂျင် နီယာမှူးနှင့် စက်ရုံမှူးတို့အား မှာကြား သည်။   ထို့နောက်    ယာယီအစားထိုး ထုတ်လွှင့်ရန်  ရောက်ရှိနေသော မီတာ ၃၀    တာဝါတိုင်   တည်ဆောက်ရေးနှင့် မြေနေရာရွေးချယ်ထားခြင်းတို့ကို ကြည့်ရှု စစ်ဆေးပြီး အမြန်တည်ဆောက်ထုတ်လွှင့် နိုင်ရေး မှာကြားသည်။

 


ထို့နောက်    ဒုတိယဝန်ကြီးသည် သတင်းနှင့်              စာနယ်ဇင်းလုပ်ငန်း  ကိုယ်ပွားသတင်းစာတိုက်     (စစ်တွေ)   စက်ခန်းများနှင့်    ပစ္စည်းသိုလှောင်ခန်း များကို ကြည့်ရှုပြီး စက်များကို ပြန်လည် စစ်ဆေး၍ လိုအပ်သည်များ  ပြုပြင်ရန်၊ လတ်တလောတွင်       မိုးဒဏ်မခံရအောင် တာပေါ်လင်များ၊  မိုးကာများဖြင့် ဖုံးအုပ် ထားရန်နှင့်  စက်ခန်းများမှ အပျက်အစီး များအား ရှင်းလင်းရေး အမြန်ဆောင်ရွက် ရန်တို့ကို မှာကြားသည်။

 


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စစ်တွေခရိုင်ရုံးနှင့်    ပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့ကို   ရောက်ရှိပြီး ပျက်စီးမှုများကို   ရှင်းလင်းဆောင်ရွက်ထား ရှိမှု၊ အရေးပေါ်မိုးလုံအောင် မိုးကာရေးနှင့် စာကြည့်တိုက်စာအုပ်များနှင့်    ရုံးသုံးစက် ပစ္စည်းများ မုန်တိုင်းမကျမီ မပျက်စီးအောင် ကြိုတင်     စီမံဆောင်ရွက်ထားရှိမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက် ရန်များ မှာကြားခဲ့သည်။      

 

သတင်းစဉ်