ဒုတိယဝန်ကြီး ဦးရဲတင့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံများစစ်ဆေး

 

နေပြည်တော် ဇွန် ၂၂

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ဇွန် ၂၀ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ စစ်ကိုင်းခရိုင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးများ အားစစ်ဆေး၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မုံရွာထပ်ဆင့်လွှင့် စက်ရုံ၊ စစ်ကိုင်းထပ်ဆင့်လွှင့် စက်ရုံကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး မန္တလေး တိုင်းဒေသကြီး တံတားဦးမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံခရိုင် ရုံးတို့တွင် ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။ ဇွန် ၂၁ ရက်တွင် တောင်သာ မြို့နယ်၊ မလှိုင်မြို့နယ်၊ မိတ္ထီလာ ခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးများနှင့် မိတ္ထီလာ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ တို့ကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်း များနှင့်တွေ့ဆုံ သည်။ (အပေါ်ပုံ) ဒုတိယဝန်ကြီး ဦးရဲတင့်က ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် နိုင်ငံ့ဝန်ထမ်းကောင်းပီပီ သစ္စာ ရှိရှိဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ အသိပညာ ဗဟုသုတပြည့်စုံအောင် ကြိုးပမ်း ပြီး ပြည်သူ့ဆက်ဆံရေး ရည်မှန်း ချက်တာဝန်များကို ထိရောက် အောင်မြင်အောင် ကြိုးစားကြရန်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် ဒေသ ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူ များနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးမှာကြားပြီး ဝန်ထမ်း များ၏ တင်ပြချက်များကို ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ သည်။ ခရိုင် (ပြန်/ဆက်)