ဒုတိယဝန်ကြီး ဦးညွန့်အောင် မြန်မာ့စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ်ဆိပ်ကမ်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဩဂုတ် ၂၆


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီအတွင်း ရေးမှူး၊ စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး      ဦးညွန့်အောင်သည် တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင်    မြန်မာ့စက်မှု ဆိပ်ကမ်း(MIP)နှင့် အေးရှားဝေါလ် ဆိပ်ကမ်းတို့သို့    ရောက်ရှိပြီး ကုန်သေတ္တာများ X-ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးနေမှု၊ ဆိပ်ကမ်း အတွင်းနှင့်  Export တင်ပို့မည့် CMP ပစ္စည်းများ  မျက်မြင်ဖွင့်ဖောက် စစ်ဆေးနေမှုများကို      ကြည့်ရှု စစ်ဆေးသည်။


ထို့နောက်   ဒုတိယဝန်ကြီး သည်   အေးရှားဝေါလ်ဆိပ်ကမ်း အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရန်ကုန်အပြည် ပြည်ဆိုင်ရာ    ဆိပ်ကမ်းများ၊ သီလဝါဆိပ်ကမ်း       နယ်မြေရှိ ဆိပ်ကမ်းများနှင့်    စက်သုံးဆီ ဆိပ်ကမ်းများမှ      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့များနှင့်တွေ့ဆုံ၍ လိုအပ်သည် များ မှာကြားသည်။  

 သတင်းစဉ်