ဒုတိယဝန်ကြီး ဦးမြင့်စိုး ‘‘ဝ’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ   ၁၉


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်    တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းပျဉ်း မြို့နယ် ပုံခက် (၅) မိုင် ကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်း ရယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး     မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးတွင်  ဝန်ကြီးဌာန အောက်ရှိ   ဦးစီးဌာန  (၄)  ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဘဏ္ဍာ နှစ်အလိုက် ဆောင်ရွက်နေသော လုပ်ငန်းများ      အချိန်မီပြီးစီးရေး အလေးထား         ဆောင်ရွက်ရန် မှာကြားကာ စွန်တောင်းကျေးရွာ သို့  ဆက်သွယ်ထားသော  VDP ကွန်ကရစ်လမ်း  ဖောက်လုပ်ပေး ထားမှုကို ကြည့်ရှုစစ်ဆေးသည်။ 


မွန်းလွဲပိုင်းတွင်      ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည်       ‘‘ဝ’’ ကိုယ်ပိုင်             အုပ်ချုပ်ခွင့်ရတိုင်း     မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာ သို့ ရောက်ရှိ ပြီး    တိုက်နယ်ဆေးရုံ၌    ဆေးဝါးကုသမှုခံယူနေသော လူနာ များကို အားပေးစကားပြောကြား ပြီး    ထောက်ပံ့ငွေများ     ပေးအပ် ကာ      ကျန်းမာရေးဝန်ထမ်းများ အတွက်    စာအုပ်စာစောင်များ နှင့်      စားသောက်ဖွယ်ရာများကို  ပေးအပ်သည်။ 


ထို့နောက်      ဒုတိယဝန်ကြီး သည် ဆွတ်ဝိုးကျေးရွာ ဘက်စုံသုံး ခန်းမဆောင်တွင် ဒေသခံတိုင်းရင်း သားများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး      မင်းရန်အောင် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း သို့ သွားရောက်ကာ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို ၍          လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ 


ယင်းနောက်   ကျေးရွာသူ ကျေးရွာသားများနှင့်   တွေ့ဆုံပြီး       အမြင့်တင်    ရေစက်ရုံသွားလမ်း ပြုပြင်ဖောက်လုပ်ရေး၊ ဘက်စုံသုံး ခန်းမတည်ဆောက်ရေး၊ မော်တော် ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ် ရေးကိစ္စရပ်များအတွက်   ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးကာ    စား သောက်ဖွယ်ရာများ ပေးအပ်သည်။ 


ညပိုင်းတွင်   ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်    မက်မန်းမြို့နယ် ငှက်ယောင်းကျေးရွာ၌ ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု နှင့် ကွန်ဟောင်းကျေးရွာ၌ ကျေးရွာ တွင်း ကွန်ကရစ်လမ်း ဖောက်လုပ် ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ     ကျေးရွာသားများ နှင့်  တွေ့ဆုံကာ   ကွန်ဟောင်းမှ နမ့်ကျွတ်ချောင်းသို့  ဆက်သွယ် မည့် ကုန်ထုတ်လမ်း  ဖောက်လုပ် ပေးရေး တင်ပြချက်အပေါ် လိုအပ် သည်များ       ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။  

   
သတင်းစဉ်