ဒုတိယဝန်ကြီး ဦးမြင့်စိုး ဦးဆောင်သောအဖွဲ့ CIRDAP အဖွဲ့၏ (၂၄) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာ

နေပြည်တော်    ဇွန်   ၆
သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးမြင့်စိုးဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည်   ထိုင်းနိုင်ငံက သဘာပတိအဖြစ် ကြီးမှူးကျင်းပ သည့် CIRDAP အဖွဲ့၏ (၂၄)ကြိမ် မြောက်      အုပ်ချုပ်မှုကောင်စီ အစည်းအဝေးသို့ တက်ရောက်ရန် ယမန်နေ့ ညနေ ၄ နာရီ ၂၅ မိနစ် က     ရန်ကုန်မြို့မှ      ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ မြန်မာအပြည် ပြည်ဆိုင်ရာ      လေကြောင်းလိုင်း ဖြင့် ထွက်ခွာသွားသည်။
ဒုတိယဝန်ကြီး     ဦးဆောင် သော     ကိုယ်စားလှယ်အဖွဲ့အား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေး ဝန်ကြီးဌာနမှ   ဌာနဆိုင်ရာ တာဝန်ရှိသူများက      ရန်ကုန် အပြည်ပြည်ဆိုင်ရာ     လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန  (Centre on Integrated Rural Development for Asia  and  the  Pacific - CIRDAP) အား အဖွဲ့ဝင်နိုင်ငံအလိုက် ဆောင်ရွက်နေသော ကျေးလက် ဒေသ   ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများ၏ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ရာတွင် ဝန်ဆောင်မှုပေးသည့်       အဖွဲ့ အစည်းအဖြစ် ပါဝင်ဆောင်ရွက် နိုင်ရန်ရည်ရွယ်၍         အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ   အဖွဲ့ဝင် နိုင်ငံ (၁၅)  နိုင်ငံဖြင့် ဖွဲ့စည်းထား ရှိသည်။
CIRDAP      အဖွဲ့အစည်းမှ အုပ်ချုပ်မှုကောင်စီအစည်းအဝေး (Governing Council Meeting)နှင့် အမှုဆောင်ကော်မတီအစည်း အဝေး (Executive Committee Meeting) အား (၂)  နှစ်လျှင်   တစ် ကြိမ် အဖွဲ့ဝင်နိုင်ငံများ၌ အလှည့် ကျကျင်းပပြုလုပ်လျက်ရှိရာ (၃၄) ကြိမ်မြောက် အမှုဆောင်ကော်မတီ အစည်းအဝေး (34th Executive Committee Meeting) ကို ၂၀၂၄ ခုနှစ် ဇွန် ၄ ရက်မှ ၅ ရက်အထိ လည်းကောင်း၊ (၂၄)  ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး (24th    Governing     Council Meeting)    ကို   ဇွန်  ၆  ရက်တွင် လည်းကောင်း           ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌  ကျင်းပပြုလုပ် မည်ဖြစ်ပြီး      အစည်းအဝေးသို့ CIRDAP     အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက် ၍ အဖွဲ့ဝင်နိုင်ငံများ၏ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်များကို မျှဝေဖလှယ်ကာ CIRDAP အဖွဲ့၏ ရှေ့ဆက်ဆောင်ရွက်မည့်    အစီ အစဉ်များနှင့်ပတ်သက်၍     ဆွေး နွေးသွားကြမည်ဖြစ်ကြောင်း သိရ သည်။ 
သတင်းစဉ်