
နေပြည်တော် ဖေဖော်ဝါရီ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနရုံး၌ ဝန်ကြီးဌာနအောက် ဦးစီးဌာန လေးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက် ၍ နိုင်ငံအပေါ်သစ္စာရှိသော ဝန်ထမ်းကောင်း များဖြစ်စေရန်၊ လုံခြုံရေးသတိ၊ ကျန်းမာရေး အသိဖြင့် နေထိုင်သွားလာ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဝန်ထမ်းများ၏ အခက် အခဲနှင့် လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အလားတူ ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့၌လည်းကောင်း၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့၌လည်းကောင်း ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများကို တွေ့ဆုံအားပေးစကား ပြောကြား၍ အခက်အခဲများ မေးမြန်းညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများ၊ ပြည်နယ်က ပေးအပ်လာသောတာဝန်များကို ကြိုးပမ်း ထမ်းဆောင်ကြရန်၊ ဝန်ထမ်းအားလုံး ပါတီ နိုင်ငံရေး ကင်းရှင်းရန်၊ မိမိဘဝတိုးတက်ရေး အတွက် စာဖတ်ခြင်းအလေ့အထပြုလုပ်ကြရန်၊ ကျန်းမာရေး ဗဟုသုတများနှင့်အညီ ကျင့်ကြံ နေထိုင်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်