
နေပြည်တော် ဩဂုတ် ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ဩဂုတ် ၁၅ ရက် မွန်းလွဲ ပိုင်းက ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့သို့ ရောက်ရှိကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာန အောက် ဦးစီးဌာနများမှ ခရိုင် အဆင့်/ မြို့နယ်အဆင့် ဝန်ထမ်း များနှင့်တွေ့ဆုံပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက် (၉) ရပ်တို့အား သေချာစွာ နားလည်သဘောပေါက် သိရှိစေ ရေး၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ နှင့် လုပ်ငန်းစဉ်များ အောင်မြင် အောင် ကြိုးပမ်းအကောင်အထည် ဖော် ဆောင်ရွက်ကြရေး၊ အထက် အောက် အပြန်အလှန်လေးစားမှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှု တည်ဆောက် ရေး၊ ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် တာဝန်ရှိသူ များက အလေးထားဆောင်ရွက် ပေးရေး မှာကြားသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူး များက ဦးစီးဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကို တင်ပြကြရာ ဒုတိယညွှန်ကြား ရေးမှူးချုပ်များက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။ ယင်း နောက် ဒုတိယဝန်ကြီးက တင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး သည် လားရှိုးမြို့နယ် နမ့်စံလွယ် ကျေးရွာသို့ သွားရောက်ကာ ဘက်စုံသုံးခန်းမ၌ ကျေးရွာလူထု နှင့်တွေ့ဆုံပြီး ရွာတွင်းလမ်းပြုပြင် ပေးရေး၊ ကုန်ထုတ်လမ်း ဖောက် လုပ်ရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ အဆိုပါ ဘက်စုံသုံးခန်းမကို ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ် ၁၀ သန်း၊ ပြည်သူလူထု ထည့်ဝင်ငွေကျပ် ၄၄ ဒသမ ၉၈ သန်း စုစုပေါင်း ၅၄ ဒသမ ၉၈ သန်းဖြင့် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဒုတိယ ဝန်ကြီးသည် တက်ရောက်လာသူ များကို လိုက်လံနှုတ်ဆက်၍ ခန်းမ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် လားရှိုးမြို့နယ် မန်အိုင် ကျေးရွာသို့ သွားရောက်ကာ HT ဆပ်ပြာရည် ထုတ်လုပ်မှုလုပ်ငန်း ကိုကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လုပ်ငန်းသည် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဇွန်လအတွင်း ဖွင့်လှစ်ခဲ့သော လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်း တက်ရောက် အောင်မြင်ခဲ့သူ ကျေးရွာသူကျေးရွာ သား ခြောက်ဦး အတူတကွ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ် ပြီး ယင်းလုပ်ငန်း တိုးချဲ့လုပ်ကိုင် နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်