ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၁ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများ ကြည့်ရှုအားပေး

 

နေပြည်တော်  ဇူလိုင်   ၇ 


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁  နှစ်အောက် (အမျိုးသား)  ဘောလုံးပြိုင်ပွဲများကို    နေပြည်တော်ရှိ    ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်းများ၌ ယနေ့ ဆက်လက်ကျင်းပသည်။
 

ဘောလုံးပြိုင်ပွဲများသို့ ကျန်းမာ ရေးနှင့်   အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး        ဦးမျိုးလှိုင်၊ ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊  အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် ဘောလုံး ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။


အသီးသီး အနိုင်ရရှိ


ယနေ့  ဆီမီးဖိုင်နယ်   ပွဲစဉ် များအဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ၌  ရန်ကုန်တိုင်းဒေသကြီးအသင်း နှင့် မကွေးတိုင်းဒေသကြီးအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန် တိုင်းဒေသကြီးအသင်းက နှစ်ဂိုး- ဂိုးမရှိဖြင့် လည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် ကရင်ပြည်နယ်အသင်း နှင့်     မန္တလေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းက တစ်ဂိုး-  ဂိုးမရှိဖြင့်        လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။


လာရောက်ကြည့်ရှုနိုင်


ဇူလိုင် ၈ ရက်တွင် ပြိုင်ပွဲများ ရပ်နားပြီး ဇူလိုင် ၉ ရက်၌ တတိယ လုပွဲအဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ  ဘောလုံးအားကစား ကွင်း၌   မကွေးတိုင်းဒေသကြီး အသင်းနှင့်   မန္တလေးတိုင်းဒေသ ကြီးအသင်း၊ မွန်းလွဲ ၃ နာရီတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့်    ကရင် ပြည်နယ်အသင်းတို့  ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား  MRTV Channel ၊ MRTV Sports Chan-nel နှင့် မြန်မာ့အသံရေဒီယိုအစီ အစဉ်တို့မှ  တိုက်ရိုက်   (Live) ထုတ်လွှင့်  ပြသသွားမည်ဖြစ်ပြီး ဘောလုံး  အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူ များအနေဖြင့် ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်းအတွင်းသို့ အခမဲ့ လာရောက်  ကြည့်ရှုနိုင်ကြောင်း သိရသည်။ 


သတင်းစဉ်