
နေပြည်တော် ဇူလိုင် ၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစား နှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်း ဒေသကြီးနှင့် ပြည်နယ် အသက် (၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်းများ၌ ကျင်းပ သည်။
ကြည့်ရှုအားပေး
ဘောလုံးပြိုင်ပွဲများသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် ဘောလုံး ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြ သည်။
ယနေ့ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၁)တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင် ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန် တိုင်းဒေသကြီးအသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့်လည်း ကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၃) တွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေး တိုင်းဒေသကြီးအသင်းက သုံးဂိုး- တစ်ဂိုးဖြင့်လည်း ကောင်း၊ မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်း(၁)တွင် ကရင်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ကရင်ပြည်နယ်အသင်းက သုံးဂိုး- ဂိုးမရှိဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး ကွင်း (၃)တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက လေးဂိုး- ဂိုးမရှိ ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
အခမဲ့ကြည့်ရှုနိုင်
ဇူလိုင် ၆ ရက်တွင် ပြိုင်ပွဲများရပ်နားပြီး ဇူလိုင် ၇ ရက်တွင် ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်း ဒေသကြီးအသင်း၊ မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ရုပ်သံလိုင်း နှင့် MRTV Sports Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ဘောလုံးအားကစား နည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းအတွင်းသို့ အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်