နေပြည်တော် ဩဂုတ် ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးကြည် သည် နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများ၏ အရေးပေါ် ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေး မှူးများအဖွဲ့(EDG)အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံ အတွင်း လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်များ လေ့လာရေး၊ နိုင်ငံအတွင်း အမျိုး သားအဆင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ (NDMC) ဖွဲ့စည်းထားရှိမှုနှင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတုံ့ပြန် ရေးတွင် ကုလသမဂ္ဂအဖွဲ့အစည်း များ၊ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အဖွဲ့ အစည်းများ၏ နိုင်ငံခြားသား ဝန်ထမ်းများအတွက် ပြည်ဝင် ဗီဇာ၊ ဗီဇာသက်တမ်းတိုး၊ ခရီး သွားလာခွင့်များ ရရှိရေးနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးထား မှုများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ အသင်းအဖွဲ့ မှတ်ပုံတင်ရရှိရေး ဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာန နှင့် OCHA အဖွဲ့အကြား သဘော တူညီမှုစာလွှာ (LoA) လက်မှတ် ရေးထိုးနိုင်ရေးနှင့် ဝန်ထမ်းများ အတွက် စွမ်းရည်မြှင့်သင်တန်း များ ပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများ နှင့် EDG အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်