
နေပြည်တော် မေ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ အတွင်း စိုက်ပျိုးပြီး ဖြစ်သည့် နွေနှမ်းနှင့် အခြားသီးနှံများ မိုးကြိုရာသီ တွင်ဖြစ်ပေါ်တတ်သော မုန်တိုင်းမိုးနှင့် ရာသီဥတု ပြောင်းလဲ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဒေသခံ တောင်သူများ၊ ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တို့ပူးပေါင်း၍ ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော် ခြင်း၊ စိုက်ခင်းများအတွင်း စိမ့်မြောင်းပတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးအားပေးကြ သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိ မြို့နယ် ဘဲကုန်းကျေးရွာတွင် ပေါင်ကြီးတင်စနစ် ကို အသုံးပြု၍ စိုက်ပျိုးထားသော နှမ်းသီးနှံစိုက်စနစ် လေးမျိုး စမ်းသပ်စိုက်ပျိုးခြင်းစံပြကွက်ကို ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် အေးမြင့်သာယာကျေးရွာ နေရောင်ပြအင်းဘုရားအနီး ယာယီရေထိန်းဆည်ရေ သောက်ဧရိယာအတွင်း စိုက်ပျိုးထားရှိသောနွေနှမ်း စိုက်ခင်း၊ ဇေယျာသီရိမြို့နယ် သပြေပင်ကျေးရွာ ရေဆင်းဆည်သောက်ဧရိယာ အတွင်း စိုက်ပျိုးထား သော နွေနှမ်းစိုက်ခင်းများကို ထိခိုက်စေနိုင်သည့် ရေအိုင်ခြင်း ရေဝပ်ခြင်းမဖြစ်ပေါ်စေရန် ရေနုတ်မြောင်း များ ရှင်းလင်းတူးဖော်မှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် အေလာယာယီရေထိန်းဆည် ရေသောက်ဧရိယာအတွင်း ရေနုတ်မြောင်းရှင်းလင်း တူးဖော်နေမှုနှင့် ကူသပိတ်ကျေးရွာ မဒန်းဆည်ရေ သောက်ဧရိယာအတွင်း စိုက်ပျိုးထားသော နွေနှမ်း စိုက်ခင်းများတွင် ရေမဝပ်စေရန် ရေနုတ်မြောင်းတူး ဖော်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နွေနှမ်း သီးနှံများစိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ်သေချာ ၍ အထွက်နှုန်းကောင်းမွန်သော ပေါင်ကြီးတင် စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မိုးကြိုရာသီတွင်ဖြစ်ပေါ် လေ့ရှိသည့် မုန်တိုင်းမိုးများကြောင့် နွေနှမ်းနှင့် အခြားသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် တောင်သူများသို့ ကြိုတင်အသိပေးဆောင် ရွက်ရန်၊ တောင်သူအချင်းချင်း ဆင့်ပွားအသိပေး နှိုးဆော်သွားကြရန်၊ ရေအသုံးချသူများအဖွဲ့ (WUG) နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနဝန်ထမ်းများ ပူးပေါင်း၍ ထပ်ဆင့်အသိပေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် ဆောင်ရွက်ထားသည့်အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ တင်ပြသွားကြရန် ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်