ဒုတိယဝန်ကြီး ဦးအေးထွန်း သံဃာတော်နှင့် သီလရှင်များအား Mobile Team အဖွဲ့များဖြင့် အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးထိုးနှံပေးမှု လိုက်လံကြည့်ရှု

 

နေပြည်တော်  အောက်တိုဘာ  ၂၆


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးအေးထွန်းသည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော် သာသနာ ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင်  ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ   ရာဇဓာနီ   သာမဏေကျော် ကျောင်းတိုက်မှ သံဃာတော် ၃၁ ပါးနှင့် ဝဇိရာနန္ဒ သုဗောဓာရုံ ကျောင်းတိုက်မှ သံဃာတော် ၃၄ ပါး စုစုပေါင်း သံဃာတော် ၆၅ ပါး တို့အား ဥတ္တရသီရိ မြို့နယ်   ခုတင် - ၅၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် အဖွဲ့မှ  အသည်းရောင်အသားဝါ ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်းနှင့်   အသည်းရောင်အသားဝါ  ဘီပိုးကာကွယ်ဆေးထိုးနှံပေးနေခြင်းများကို  ကြည့်ရှု  အားပေးခဲ့ကြပြီး(ဝဲပုံ)  သံဃာတော်များအား   ဘီပိုး  ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ကျန်းမာ ရေးဆိုင်ရာ   သိကောင်းစရာများကို   ရှင်းလင်း လျှောက်ထားခဲ့ကြသည်။ 


ထို့အတူ   နေပြည်တော်    ပျဉ်းမနားမြို့နှင့် လယ်ဝေးမြို့တို့ရှိ စာသင်တိုက်ကြီးများ၊ ဘုန်းတော် ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ သံဃာ တော်နှင့် သီလရှင်များကိုလည်း Mobile Team အဖွဲ့ များက   အသည်းရောင်အသားဝါရောဂါပိုး  ရှိ/မရှိ  စမ်းသပ်စစ်ဆေးပေးခြင်းနှင့် အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးနှံပေးခြင်းများကို  တစ်ချိန် တည်း တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိသည်။     ပြည်ထောင်စုနယ်မြေ    နေပြည်တော်အတွင်းရှိ  မြို့နယ်  ရှစ်မြို့နယ်မှ   သံဃာတော်နှင့်    သီလရှင် များအား အသည်းရောင်အသားဝါဘီပိုး ကာကွယ် ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၅၊ ၂၆ ရက်တို့တွင်  ပထမအကြိမ်အဖြစ်လည်းကောင်း၊  နိုဝင်ဘာ  ၂၅၊ ၂၆ ရက်တို့တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၂၄ ခုနှစ်  ဖေဖော်ဝါရီ ၂၅၊ ၂၆ ရက်တို့တွင် တတိယ အကြိမ်အဖြစ်လည်းကောင်း သုံးကြိမ်အပြည့် အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်