ဒုတိယဝန်ကြီး ဦးအေးထွန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရဓမ္မာစရိယစာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညို

 

နေပြည်တော်  မတ် ၂၅ 


သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းစာဖြေ ဌာနဖြစ်သည့် သုမင်္ဂလာရာမလယ်တီဝိပဿနာကမ္မဋ္ဌာန်းကျောင်းနှင့် ရန်ကင်း စာဖြေဌာနဖြစ်သည့် မိုးကောင်းဘုရားဝင်း ဓမ္မဗိမာန်တော်သို့ရောက်ရှိပြီး ဓမ္မ သင်္ဂဏီ ပါဠိအဋ္ဌအထာ(ပထမနေ့) ဖြေဆိုနေကြသည့် စာဖြေသံဃာတော်များနှင့် သီလရှင်များအား   ဖူးမြော်ကြည်ညိုကာ   အလှူငွေများ  ဆက်ကပ်လှူဒါန်း သည်။ 

 


ယနေ့တွင် သင်္ဃန်းကျွန်းစာဖြေဌာန၌ ရဟန်း ၅၂၃ ပါးနှင့် သီလရှင် ၄၉ ပါး၊ ရန်ကင်းစာဖြေဌာန၌ ရဟန်း ၁၆၇ ပါးနှင့် သီလရှင် နှစ်ပါး ဖြေဆိုတော်မူကြ ကြောင်း သိရသည်။

 


ညနေပိုင်းတွင်    ဒုတိယဝန်ကြီးသည်   ထိုင်းနိုင်ငံ  ဘန်ကောက်မြို့သို့ ကျန်းမာရေးဆေးစစ်ရန်   ကြွရောက်မည့်  နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊   အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊   ဗန်းမော် ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။ 

 


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ         ဆရာတော်ကြီးနှင့်အတူ  ပစ္ဆာသမဏ သုံးပါးနှင့် ကပ္ပိယကာရက တစ်ဦးတို့  လိုက်ပါသွားကြောင်း သိရ သည်။


သတင်းစဉ်