ဒုတိယဝန်ကြီး ဦးအေးကျော် မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဓာတ်အားလိုင်းများပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

 

စစ်တွေ    မေ   ၃၀
လျှပ်စစ်စွမ်းအား      ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ  မေ ၂၉ ရက်    နံနက်ပိုင်းတွင်     အလွန် အားကောင်းသော    မိုခါမုန်တိုင်း ကြောင့် ပျက်စီးသွားသည့် ရခိုင်  ပြည်နယ် စစ်တွေမြို့ရှိ  ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - စစ်တွေ အမှတ်(၁) ဓာတ်အားလိုင်းနှင့် စစ်တွေမြို့ပေါ် ရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အား လိုင်းများ    ပြန်လည်ပြုပြင်နေမှု၊ ၁၁/၀  ဒသမ  ၄  ကေဗွီ  ထရန် စဖော်မာများ စမ်းသပ်စစ်ဆေးနေ မှုနှင့်    ဝန်ထမ်းအိမ်ရာများနှင့်          ငွေကောက်ကောင်တာ  အဆောက် အဦများတွင်   အမိုးသွပ်ပြားများ ပြန်လည်အစားထိုး   ပြုပြင်ဆောင် ရွက်ပေးနေမှုတို့ကို         ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည်   အလွန်အားကောင်းသော မိုခါမုန်တိုင်း  တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ၆၆ ကေဗွီ ပုဏ္ဏား ကျွန်း-စစ်တွေ         အမှတ်(၁) ဓာတ်အားလိုင်း တိုင်အမှတ် ၁၆၆၊ ၁၆၇၊ တိုင်အမှတ် (၁၈၃ မှ ၁၈၈  အထိ)  နှင့်  တိုင်အမှတ်  (၂၂၅ မှ ၂၃၀) အထိ စုစုပေါင်း ၁၄ တိုင် အား ဌာနဝန်ထမ်းများက  ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးရာ    လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက လုပ်ငန်း      ဆောင်ရွက်နေမှုကို      ရှင်းလင်း တင်ပြကြပြီး  ဒုတိယဝန်ကြီးက ပြည်သူများ     လျှပ်စစ်ဓာတ်အား  အမြန်ဆုံး ပြန်လည်ရရှိနိုင်စေရေး အတွက်    အစွမ်းကုန်   ကြိုးပမ်း ဆောင်ရွက်ပေးကြရန်၊     လုပ်ငန်း ခွင်    အန္တရာယ်   ကင်းရှင်းရေးနှင့် ယခုအချိန်သည်    မိုးရာသီဝင်စ ဖြစ်သည့်အတွက်    ကျန်းမာရေး အထူးဂရုစိုက်      နေထိုင်ကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွား ခဲ့သည့်  ၁၁ ကေဗွီနှင့်  ၄၀၀  ဗို့ ဓာတ်အားလိုင်းများ     ပြန်လည် တည်ဆောက်နေကြသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး များမှ  ဝန်ထမ်းများအား အားပေး စကားပြောကြား၍     မီးစက်ဝင်း အတွင်း       ထရန်စဖော်မာထုတ် ပြည်တွင်းကုမ္ပဏီများက    ၁၁/ ၀ ဒသမ ၄ ကေဗွီထရန်စဖော်မာ များ စမ်းသပ်စစ်ဆေးနေမှုတို့ကို        ကြည့်ရှုစစ်ဆေးပြီး   လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်     ဆောင် ရွက်ရေး  ဓာတ်အားလက်ခံဖြန့်ဖြူး ရာတွင်   အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျ   စစ်ဆေးလုပ်ဆောင်ကြ ရန်   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက် ပေးသည်။
ထို့နောက်      ဒုတိယဝန်ကြီး သည် သဘာဝဘေးဒဏ်ကြောင့်  ပျက်စီးခဲ့ရသည့် ဝန်ထမ်းအိမ်ရာ များနှင့် ငွေကောက်ကောင်တာ များတွင်    အမိုးသွပ်ပြားများအား  အစားထိုးပြုပြင်လဲလှယ်နေမှုကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုတို့ကို   အားပေး စကားများပြောကြားကာ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။            
       သတင်းစဉ်