
နေပြည်တော် မေ ၄
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်း လင်း သည် မေ ၃ ရက် နံနက်ပိုင်း တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်နှင့် မြိတ်မြို့၌ တာဝန် ထမ်းဆောင်နေကြသည့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒုတိယ ဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် ဒေသန္တရစီမံကိန်းလျာထား ချက်များအပေါ် ပြည့်မီစွာ ဆောင်ရွက်ရန်၊ စီမံကိန်းများကို ထိရောက်စွာ ဆောင်ရွက်ရန်၊ စာရင်းဇယားမှန်ကန်ရေးအလေးပေးဆောင်ရွက်ရန်၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ငွေများ အပြည့်အဝကောက်ခံရရှိ ရန်နှင့် ချေးငွေများကို အတတ် နိုင်ဆုံး ပြန်လည်ကောက်ခံရရှိရေး ဆောင်ရွက်ရန်၊ နိုင်ငံ့ဘဏ္ဍာငွေ သုံးစွဲမှုများ စနစ်တကျဖြစ်စေရန် နှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက် နေမှုများကို မြေပြင်ကွင်းဆင်း စိစစ်ခြင်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး မွန်းလွဲပိုင်း၌ မြို့နယ်နှင့်ခရိုင်ရုံးများသို့ သွား ရောက် ကွင်းဆင်းစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် မေ ၁ ရက် နှင့် ၂ ရက်တို့တွင် ထားဝယ်မြို့၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်ရှိ ဌာန/အဖွဲ့ အစည်း များမှ ဝန်ထမ်းများနှင့် တွေ့ဆုံ ၍ လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပြီး ရုံးများ ဥပဓိ ရုပ်ကောင်းမွန်စေရေး၊ ဝန်ထမ်း များ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။
သတင်းစဉ်