
ပုဂံ မတ် ၃၁
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Li Qun သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယဉ်ကျေးမှုအမွေ အနှစ် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့်အတူ ယမန်နေ့က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ သို့ရောက်ရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြုပြင်ထိန်းသိမ်း လျက်ရှိသော သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းမှု အပါအဝင် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ များကိုသာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သောအဖွဲ့နှင့် ညနေပိုင်းတွင် ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက တရုတ်နိုင်ငံအစိုးရ အကူအညီဖြင့် ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသ သဗ္ဗညုဘုရား ပြုပြင် မွမ်းမံရေးစီမံကိန်း လုပ်ငန်းစတင် ခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျင်းပခဲ့ ကြောင်း သဘောတူညီချက်အတိုင်း ဆက်လက်၍ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းပေးမည်ကို သိရှိ ရသဖြင့် ကျေးဇူးတင်ပါကြောင်း၊ ပုဂံယဉ်ကျေးမှုဒေသ တစ်ခုလုံး အား အဆင့်မြင့်နည်းပညာဖြင့် စဉ်ဆက်မပြတ် စောင့်ကြည့် ထိန်းသိမ်း ကွပ်ကဲသည့်စနစ် တပ်ဆင်မှုလိုအပ်သဖြင့် ကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ရှိ အနော်ရထာနန်းတော်အား အဆင့်မြှင့်တင်ရေးနှင့် ခင်းကျင်း ပြသရေးတို့အတွက် ဆက်လက် ကူညီ ဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရယဉ်ကျေးမှု နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာ့ယဉ်ကျေး မှုအမွေအနှစ်များ ထိန်းသိမ်းရေး ကို ဆက်လက်ကူညီ ဆောင်ရွက် ပေးရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ သဗ္ဗညု ဘုရား ပြုပြင်ထိန်းသိမ်းရေးကို နိုင်ငံတော်အဆင့်အဖြစ် မြှင့်တင် ဆောင်ရွက်နေပြီး လုပ်ငန်း ကျွမ်းကျင်သော ရှီအမ်းပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း ရေးဌာနကို တာဝန်ပေးထားကာ မိမိတို့ယဉ်ကျေးမှုနှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ကြီးကြပ် ပေးနေပါကြောင်း တရုတ်သမ္မတ ကြီး ရှီကျင့်ဖျင်က အာရှယဉ်ကျေး မှုအမွေအနှစ် ကာကွယ်ထိန်းသိမ်း ရေးအတွက် မြှင့်တင်ဆောင်ရွက် ရန် အဆိုပြုထား၍ မြန်မာနိုင်ငံ ကိုလည်း ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ်ပါကြောင်း ဆက်လက်၍ လည်း နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ် မြှင့်တင် ရေးအတွက် ကူညီပူးပေါင်းမှု များ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖွဲ့တို့နှင့်အတူ သဗ္ဗညုဘုရားအား တရုတ်ပညာ ရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရန် လျာထားချက်များ ကို ရှီအမ်းပြည်နယ် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ရှင်းလင်းတင်ပြမှုကို ကြည့်ရှု စစ်ဆေး၍ အမြန်ဆုံးလုပ်ငန်း စတင် ဆောင်ရွက်သွားရန်နှင့် အဆင့်မြင့် နည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းသွားရန် ဆွေးနွေး မှာကြားသည်။ ဆက်လက်၍ စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရား၊ အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား နှင့် ချူအင်လိုင်းတန်ဆောင်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ သည်။
သတင်းစဉ်