
နေပြည်တော် ဇွန် ၂၉
အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲ ရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကိုယ်စားလှယ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ တွင် ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲ ရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ (၈) ကြိမ်မြောက် အစည်း အဝေးသို့ တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အတူ နိုင်ငံ ခြားရေးဝန်ကြီးဌာန အာဆီယံ ရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဇော်စိုးနှင့် တာဝန်ရှိသူများလည်း တက် ရောက်ခဲ့ သည်။
အစည်းအဝေးတွင် အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဦးစားပေး လုပ်ငန်းစဉ်များဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Mr. Dian Triansyah Djani နှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ် ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစား သံအမတ်ကြီး Mr. Dato Zainu-ddin Yahya တို့က ပူးတွဲဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေ နိုင်ငံတို့မှ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။
အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ (၈) ကြိမ်မြောက် အစည်းအဝေး တွင် အင်ဒိုနီးရှားနိုင်ငံ ဘီလင် တွန်း၌ ကျင်းပခဲ့သည့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၇)ကြိမ်မြောက် အစည်းအဝေး၏ အစီရင်ခံစာနှင့် ဆုံးဖြတ်ချက်များ ကို အတည်ပြုခဲ့ကြပြီး အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန် မျှော်မှန်းချက် စာတမ်း နှင့် နောက်ဆက်တွဲစာတမ်းများ ရေးဆွဲရေးအတွက် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက်“တက်ကြွ၍ ကြံ့ခိုင် မှုရှိသော ပြည်သူ့ဗဟိုပြုအာဆီယံ” ဆောင်ပုဒ်ဖြင့် ရေးသားပြုစုမည့် အာဆီယံမျှော်မှန်းချက်စာတမ်း ၂၀၄၅ မူကြမ်းပါအချက်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယ ဝန်ကြီးက အာဆီယံအသိုက် အဝန်း ၂၀၂၅ ခုနှစ်အလွန်မျှော်မှန်း ချက် စာတမ်းသည် အကြိမ် (၄၀)နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးက မှတ်တမ်းတင်ခဲ့သည့် အဓိက သဘောတရားများ (Core Ele-ments)ကို အခြေခံသင့်ကြောင်း၊ မျှော်မှန်းချက်စာတမ်း မူကြမ်း ရေးဆွဲရာတွင် အာဆီယံအသိုက် အဝန်း၏ အခြားမဏ္ဍိုင် (၂) ရပ် ဖြစ်သည့် အာဆီယံစီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်နှင့် အာဆီ ယံ လူမှု − ယဉ်ကျေးမှု အသိုက် အဝန်း မဏ္ဍိုင်တို့နှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေး ခဲ့သည်။
ထို့ပြင် အာဆီယံပဋိညာဉ် စာတမ်းနှင့် အာဆီယံ၏ အခြား စာချုပ်စာတမ်းများတွင် ပြဋ္ဌာန်း ထားသည့်အခြေခံမူများ၊ စံနှုန်း များ၊ ရည်ရွယ်ချက်များကိုလေးစား လိုက်နာခြင်းသည် ဒေသတွင်း မတူညီ ကွဲပြားမှုများအကြား စည်းလုံးညီညွတ်မှု ရှိစေနိုင်မည် ဖြစ်ကြောင်း၊ အာဆီယံကို နိုင်ငံ တကာမှ အသိအမှတ်ပြုရသည့် အဖွဲ့အစည်းအဖြစ် ဆက်လက် ထိန်းသိမ်းနိုင်ရန် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
အဆိုပါ မျှော်မှန်းချက်စာတမ်း ကို ၂၀၂၃ ခုနှစ် စက်တင်ဘာတွင် ပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ အချိန်မီတင်ပြ ရန် အပြီးသတ်ရေးဆွဲမည့်လမ်းစဉ် များကို အဖွဲ့ဝင်နိုင်ငံများအကြား ဆက်လက်ဆွေးနွေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်