ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း နေပြည်တော် လယ်ဝေး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းအပ်နှံနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော်    မေ   ၂၃
ပညာရေးဝန်ကြီးဌာန     ဒုတိယ ဝန်ကြီး  ဒေါက်တာမိုးဇော်ထွန်း သည်     အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊  အခြေခံပညာ ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင်ဆွေ ထွန်း၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်       ဦးကိုလေးဝင်း၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဒေါက်တာကျော်လွင် နှင့်အတူ   ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်    အမှတ်(၁)အခြေခံပညာ      အထက်တန်း ကျောင်းသို့ သွားရောက်၍  ဆရာ ဆရာမများ၊      ကျောင်းသား ကျောင်းသူများနှင့်   မိဘပြည်သူ များ  ၂၀၂၄-၂၀၂၅   ပညာသင်နှစ် အတွက်    ကျောင်းအပ်နှံနေကြ သည်များကို     လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ဒုတိယဝန်ကြီးက    သက်ဆိုင်ရာ တာဝန်ရှိသူများကို   ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်း သို့    ရောက်ရှိရေး၊   အနည်းဆုံး အခမဲ့ အလယ်တန်းပညာ (KG+9) ပြီးမြောက်ရေး    အလေးအနက် ထား    အကောင်အထည်ဖော် ဆောင်ရွက်လျက်       ရှိကြောင်း၊    စာတတ်ရုံမျှမက    မိမိနိုင်ငံနှင့် လူမျိုးကို တန်ဖိုးထားသည့်စိတ်၊     တိုင်းပြည်နှင့်လူမျိုးကို  ချစ်မြတ်နိုး သည့်စိတ်၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှု ကို တန်ဖိုးထားထိန်းသိမ်းလိုစိတ် များ     ဖြစ်ထွန်းရေးအတွက်  လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိ ကြောင်း၊   ကျောင်းနေအရွယ်    ကလေးများအားလုံး ကျောင်းအပ်နှံ ရေးအတွက် သက်ဆိုင်ရာ  မိဘ အုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့်   အမျိုး သားရေးတာဝန်    တစ်ရပ်အဖြစ်      ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြ ရန် တိုက်တွန်းပါကြောင်း မှာကြား ကာ ကျောင်းသား  ကျောင်းသူများ ကို     ရင်းရင်းနှီးနှီးနှုတ်ဆက်၍     လိုအပ်သည်များ       ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 
ပညာရေးဝန်ကြီးဌာနအနေ ဖြင့်    ကျောင်းအပ်နှံရေးသီတင်း ပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ နိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာကျောင်းများ     အသီးသီး တွင်  ကျောင်းအပ်နှံရေး   လက်ခံ ဆောင်ရွက်သွားမည်       ဖြစ်ပြီး ကျောင်းအပ်နှံသည့်   ကလေးများ အား    ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ် စာအုပ်၊    ဗလာစာအုပ်၊   ခဲတံ၊ ဘောပင်နှင့်       ကျောင်းဝတ်စုံ တို့ကို       အခမဲ့ဖြန့်ဝေပေးလျက် ရှိသည်။
သတင်းစဉ်