ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်

 

နေပြည်တော်   မေ   ၁၆
ပညာရေးဝန်ကြီးဌာန     ဒုတိယ ဝန်ကြီး       ဒေါက်တာဇော်မြင့် ဦးဆောင်သော   မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်း တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ        ဗီယင်ကျန်းမြို့၌  “ဥတုရာသီဒဏ် တွန်းလှန်နိုင်ရေး ရှေးဦးအရွယ်      ကလေးသူငယ် ပညာရေးမှ အခြေချပေး” (Building  Climate   Resilience  from  the Start: Early Childhood Education for Sustainable Future)     ဟူ သော  ဦးတည်ချက်ဖြင့်    ကျင်းပ သည့်      ASEAN    Ministerial Meeting  on  Ensuring  Equal Access to Quality  Early Child- hood  Development and Care  အစည်းအဝေးသို့    တက်ရောက် သည်။ 
ဦးစွာ လာအိုပြည်သူ့ဒီမိုကရက် တစ်  သမ္မတနိုင်ငံ    ပညာရေးနှင့် အားကစားဝန်ကြီးဌာန   ဝန်ကြီး H.E. Dr. Phout Simmalavong နှင့် အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ်  H.E. Dr. Kao Kim Hourn တို့က အဖွင့်အမှာစကား ပြောကြားသည်။       ထို့နောက် အာဆီယံနိုင်ငံများမှ  ပညာရေး ဝန်ကြီးများ၊   ဒုတိယဝန်ကြီးများ သည်     စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး     အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များသည် နိုင်ငံ အလိုက်    အမှာစကားပြောကြား ကြသည်။ 
ယင်းအစီအစဉ်တွင် ဒုတိယ ဝန်ကြီး     ဒေါက်တာဇော်မြင့်က ဖွံ့ဖြိုးတိုးတက်နေသော  ယနေ့ ခေတ်ကာလ၌ ကလေးငယ်များ၏ ပညာရေးနှင့်   လူမှုရေးသာမက ရုပ်ပိုင်းဆိုင်ရာ၊    စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးမှာ     အလွန် အရေးပါကြောင်း၊    ကလေးငယ် ဘဝမှ အစပြု၍  ရရှိသည့်အတွေ့ အကြုံများသည် ၎င်းတို့၏ဘဝနှင့် ကျင်လည်ရာဝန်းကျင် ကမ္ဘာကြီး ကို    များစွာအကျိုးဖြစ်ထွန်းနိုင် ပါကြောင်း၊     ထို့ကြောင့်လည်း ယနေ့ကျင်းပသည့် အစည်းအဝေး ကြီး၏    Theme    ဖြစ်သည့် “ဥတုရာသီဒဏ်  တွန်းလှန်နိုင်ရေး ရှေးဦးအရွယ်    ကလေးသူငယ် ပညာရေးမှ အခြေချပေး” ဆိုသည့် အတိုင်း  သဘာဝဘေးအန္တရာယ် များနှင့်   ပိုမိုရင်ဆိုင်ကြုံတွေ့လာ ရသည့်  ကမ္ဘာကြီးတွင် အနာဂတ် လူငယ်များ     ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားနိုင်ရေး ကလေးသူငယ် အရွယ်မှစ၍ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊  မြန်မာနိုင်ငံ အနေဖြင့်      ပညာရေးကဏ္ဍ၌ တွေ့ကြုံရသည့်  အခက်အခဲများ နှင့် စိန်ခေါ်မှုများကို  ဖြေရှင်းနိုင် ရန်၊    လူငယ်များ၏   အနာဂတ် အလားအလာများကို  အပြည့်အဝ ဖန်တီးပေးနိုင်ရန်   ၂၀၂၃   ခုနှစ်၌ ပညာရေးညီလာခံ   ကျင်းပခဲ့ပါ ကြောင်း၊ ထိုသို့ပညာရေးဝန်ကြီး ဌာနနှင့်    ဆက်စပ်ဝန်ကြီးဌာန တို့၏     ကြိုးပမ်းအားထုတ်မှုဖြင့် ရရှိလာသည့် အသီးအပွင့်များမှ သိသာထင်ရှားသော   ရလဒ်တစ်ခု မှာ ကျောင်းအခြေပြုမူကြိုကျောင်း များ         တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ယင်းကျောင်းများ၌လည်း ကျောင်း တက်ရောက်သူဦးရေ တိုးမြင့်ခဲ့ပါ ကြောင်း၊  ကလေးသူငယ်များကို အသက်အရွယ်အလိုက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ များကို မိတ်ဆက်ပေး၍ ရာသီ ဥတုဒဏ် တွန်းလှန်နိုင်ရေး အဆင့် လိုက်    လေ့ကျင့်ပေးရာ၌    ပထမ အဆင့်တွင်       ပုံပြင်များပြော ခြင်း၊   ဆော့ကစားစေခြင်းတို့ဖြင့်        သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်း စောင့်ရှောက်ရေး      သဘော  တရားများကို      ရှင်းပြနိုင်ပါ ကြောင်း။
ထို့ပြင်  ပန်းခြံများ၊  ဥယျာဉ် များသို့ သွားရောက်လည်ပတ်ခြင်း၊ လမ်းလျှောက်ထွက်ခြင်း၊ သစ်ပင် ပန်းပင်များ     စိုက်ပျိုးစေခြင်း တို့ဖြင့် မတူညီသောဂေဟစနစ်နှင့် သဘာဝဖြစ်စဉ်များကို    ကလေး ငယ်များ   စူးစမ်းလေ့လာလိုစိတ် ရှိလာစေရန်   လေ့ကျင့်မွေးမြူ ပေးရမည်ဖြစ်ကြောင်း၊ ထို့နောက် တိရစ္ဆာန်၊    အပင်နှင့်  လူသားတို့ အပေါ်  ရာသီဥတုပြောင်းလဲမှု၏ အကျိုး      သက်ရောက်မှုများကို သင်ကြားပေးခြင်း၊     တိရစ္ဆာန် များအပေါ်     သနားကြင်နာစိတ် ရှိလာစေရေး     အားပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုစိတ်ထား  မျိုးစေ့ ချပေးခြင်း၊ ဆက်လက်၍ အခြားသူ များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ရာသီဥတုဆိုင်ရာ   ပြဿနာ များကို ကိုင်တွယ်ဖြေရှင်းနိုင်မှုကို ပြသနိုင်ပါကြောင်း၊ အလားတူပင် ပတ်ဝန်းကျင်ဆိုင်ရာ အယူအဆ များ ပါဝင်သည့်   အသက်အရွယ် အလိုက်   သင့်တော်သော စာအုပ် များ၊ ဗီဒီယိုများနှင့်  အရင်းအမြစ် များကို  ပံ့ပိုးပေးခြင်းတို့  ပြုလုပ် နိုင်ပါကြောင်း၊ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ  မှန်ကန်သော   အသိ စိတ်ဓာတ်နှင့်      ချစ်မြတ်နိုးစိတ် ရှိစေရေး     လေ့ကျင့်ပေးခြင်း၊ ဒေသတွင်း    နိုင်ငံများအချင်းချင်း အတွေ့အကြုံ     ဗဟုသုတများ ဖလှယ်ခြင်းတို့ဖြင့်  အနာဂတ်၏ ခေါင်းဆောင်များကို       ပြုစု ပျိုးထောင်      ပေးနိုင်ပါကြောင်း ပြောကြားသည်။ 
ယင်းနောက်  အာဆီယံလူမှု အသိုက်အဝန်းအတွင်း    အရည် အသွေးရှိသည့်   ရှေးဦးအရွယ် ကလေးသူငယ်    ပြုစုပျိုးထောင် ရေးပညာ တန်းတူညီမျှ ရရှိရေး ဆိုင်ရာ Vientiane သဘောတူညီ ချက်ကို တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများက အတည်ပြု ကြေညာခဲ့သည်။ ဒုတိယဝန်ကြီး နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင် များအဖြစ်      ရန်ကုန်ပညာရေး တက္ကသိုလ်          ပါမောက္ခချုပ် ဒေါက်တာ      ကေသွယ်လှိုင်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဆန်းဝင်းတို့       အစည်း အဝေး   တက်ရောက်ခဲ့ကြောင်း သိရသည်။   
သတင်းစဉ်