ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ TTTC (ဘယ်လင်း)၌ World Youth Skills Day ပြိုင်ပွဲများမှ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲတက်ရောက်

နေပြည်တော်   ဇူလိုင်   ၁၇
သိပ္ပံ၊နည်းပညာနှင့်      ဆန်းသစ် တီထွင်မှု     မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ပါ လုပ်ငန်းစဉ်အရ နည်းပညာ၊   သက်မွေးပညာနှင့် လေ့ကျင့်ရေး  ဆရာအတတ်သင် ကောလိပ် ၊ TTTC (ဘယ်လင်း) ၌ ဇူလိုင် ၁၅ ရက်တွင်   ကျရောက် သော  World Youth Skills Day အထိမ်းအမှတ်အဖြစ်      Youth Skills for Peace and Develop-ment   ဆောင်ပုဒ်ဖြင့်  ယင်းနေ့မှ စ၍     ကျောင်းသား   ကျောင်းသူ များ၏    Skills    ပြိုင်ပွဲများနှင့် Innovation Project ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသည်။
အခမ်းအနားတွင်   သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ဇေယျက နိုင်ငံ့စီးပွား     မြှင့်တင်ရေးဆိုင်ရာ MSMEs    များ၊    စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များရှိ တန်ဖိုး မြှင့်ကုန်ထုတ်လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးအတွက်     ခေတ်မီ နည်းပညာများကို    အသုံးချနိုင်မှု သည် အခရာကျရာ   ယခုလိုပြိုင်ပွဲ များမှ       စွမ်းရည်ပြည့်ဝသော  နည်းပညာရှင်         လူငယ်များကို မြေတောင်       မြှောက်ပေးနိုင်ပြီး ပြည်တွင်း   စွန့်ဦးတီထွင်ဖန်တီးမှု များကို အားပေးမြှင့်တင်နိုင်မည် ဟု     အလေးအနက်   ယုံကြည်ပါ ကြောင်း ပြောကြားသည်။
ထို့နောက်    မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့   သယံဇာတ ရေးရာဝန်ကြီးက     ပြိုင်ပွဲဝင် ကျောင်းသား  ကျောင်းသူများကို ဂုဏ်ပြုအမှာစကား    ပြောကြား သည်။   ဆက်လက်၍    ဒုတိယ ဝန်ကြီး  ဒေါက်တာ အောင်ဇေယျ က ပြိုင်ပွဲအသီးသီးမှ အကဲဖြတ်ဒိုင် များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် ထူးချွန် ဆုရ ကျောင်းသား ကျောင်းသူများ ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ကြပြီး ပရောဂျက်များကို လှည့်လည် ကြည့်ရှုအားပေးသည်။
ယခုနှစ် လက်တွေ့ကျွမ်းကျင် မှုစွမ်းရည်ပြိုင်ပွဲတွင် အင်ဂျင်နီယာ ဘာသာရပ်ခြောက်ခုတို့မှ   ပြိုင်ပွဲဝင် ကျောင်းသား  ကျောင်းသူ  ၇၀ တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Innovation Project     ပြိုင်ပွဲတွင်     စက်မှု လယ်ယာ၊    ပြန်ပြည့်မြဲစွမ်းအင်၊ စက်ရုပ်နှင့်    IT   နည်းပညာများ ဆိုင်ရာ Innovation Project  ၁၂ ခု နှင့်    Grassroot    Innovation Project ရှစ်ခုတို့   ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး   ဆုချီးမြှင့်ငွေပေါင်း ကျပ် သိန်း ၁၀၀ ရှိကြောင်း သိရသည်။
သတင်းစဉ်