
နေပြည်တော် မေ ၉
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ မွန်းလွဲ ပိုင်းက နည်းပညာ တက္ကသိုလ် (ကျောက်ဆည်) သို့ ရောက်ရှိပြီး နျူကလီးယားအင်ဂျင် နီယာဌာနရှိ လက်တွေ့ခန်းများ တွင် ကျောင်းသားများ သုတေ သန ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံရာ ဒုတိယဝန်ကြီးက ရုရှား ဖက်ဒရေးရှင်းနိုင်ငံရှိ Moscow Engineering Physics Institute အပါအဝင် MoU ရေးထိုးထား သည့် မိတ်ဖက်တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ နိုင်ငံတကာ နည်း ပညာပြိုင်ပွဲများတွင် ကျောင်းသား များ ယှဉ်ပြိုင်မှုများကို အားပေး မြှင့်တင်ရန် တိုက်တွန်းမှာကြားပြီး တင်ပြမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ကျောင်းသားများကို သုတေ သနထူးချွန်ဆုများ ပေးအပ်ချီးမြှင့် ပြီး တည်ဆောက်ရေးလုပ်ငန်းခွင် ကို ကြည့်ရှုစစ်ဆေးကာ အရည် အသွေးပြည့်မီစွာဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ ကျောင်းသား ကျောင်း သူများနှင့်တွေ့ဆုံ၍ ဒေသလိုအပ် ချက်နှင့်အညီ သင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ် ရန်၊ ပညာရည်ပြည့်ဝပြီး ကျင့်ဝတ် ကို လေးစားလိုက်နာသည့် လူငယ် ပညာရှင်များ ပေါ်ထွန်းလာရေး စနစ်တကျ ကြိုးပမ်းဆောင်ရွက် ရန် တိုက်တွန်းပြောကြားကာ အင်ဂျင်နီယာဌာနများတွင် သုတေ သနပရောဂျက်များ ဆောင်ရွက် နေသော ကျောင်းသားများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ဇီဝနည်းပညာသုတေသန ဦးစီးဌာနသို့ရောက်ရှိပြီး တာဝန် ရှိသူများအား သုတေသနရလဒ် များကို MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်ရေး ဆက်စပ်ဌာန/ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများကို ဇီဝ နည်းပညာအသိပညာပေးမှုများ ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက် ရန် မှာကြားပြီး လိုအပ်ချက်တင်ပြ မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ဆေးပညာဆိုင်ရာ ဇီဝနည်း ပညာဌာနရှိ ဆေးပညာဆိုင်ရာ ဓာတ်ခွဲခန်းကို Biosafety Level 2 (BSL-2) အထိ အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆေးဖက်ဝင်အပင်များမှ ဆေး အဆီ ထုတ်ယူနေမှု၊ Mycology Lab နှင့် Environmental Lab တို့မှ Waste Water Treatment နှင့်ပတ်သက်၍ ချည်ဆိုးဆေး အရောင်လျှော့ချခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်သက်ရောက်မှု လျော့ နည်းစေရေးဆိုင်ရာ သုတေသန လုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။ သတင်းစဉ်