နေပြည်တော် ဇွန် ၈
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အစိုးရနည်းပညာ အထက်တန်း ကျောင်း၌ တက်ရောက်နေသော အင်ဂျင်နီယာ သင်တန်းများရှိ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျောင်းဖွင့်စ ကာလရှိ ကိုယ်စိတ်ရွှင်လန်း ချမ်းမြေ့မှုများနှင့် ရည်မှန်းချက် ဆန္ဒ ထက်သန်မှုများကို သင်တန်း ကာလတစ်လျှောက်လုံး ခိုင်မြဲစွာ ထိန်းသိမ်း၍ လေ့ကျင့်သင်ကြား ပေးသည့် နည်းပညာများကို အမှန်တကယ် ပိုင်နိုင်တတ်ကျွမ်း အောင် ဆောင်ရွက်ကြရန်၊ ယင်း နည်းပညာ ကျွမ်းကျင်မှုများဖြင့် ဘဝတိုးတက်အောင် တည်ဆောက် သကဲ့သို့ ဒေသတွင်းကုန်ထုတ် လုပ်ငန်းများနှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်တပ်တစ်အား ပါဝင်တည် ဆောက်နိုင်သူများ ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လို အပ်ကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် ဒုတိယဝန်ကြီး သည် တာဝန်ရှိသူများနှင့် တွေ့ဆုံ ၍ လူငယ်နည်းပညာရှင်များကို အရည်အသွေးစံမီစွာ စဉ်ဆက် မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဒေသ တွင်း ပြည်သူများ၏ လိုအပ်ချက် နှင့် ကိုက်ညီသော သင်တန်းများကို ဖွင့်လှစ်ပေးရန် တိုက်တွန်းမှာကြား ပြီး ကျောင်းစာကြည့်တိုက်အတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များနှင့် သုတရသစာအုပ်များကို ကျောင်း အုပ်ကြီးထံ ပေးအပ်လှူဒါန်း၍ ကျောင်းသား ကျောင်းသူများ ထံ ကျောင်းသုံးစာအုပ်များနှင့် ပုံဆွဲသုံးပစ္စည်းများကို ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် အင်ဂျင်နီယာဌာနအလုပ်ရုံ များကို ကြည့်ရှုစစ်ဆေးပြီး လက်တွေ့သုံး စက်ပစ္စည်းများ ပြင်ဆင်ထားရှိမှုများ၊ သုတေသန ဆောင်ရွက်ထားရှိမှုများနှင့် ရလဒ် အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ အထောက်အကူ ပြုမည့် သုတေသနပရောဂျက်များ၊ လက်တွေ့ လုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်နေသော အလုပ်ရုံ များ အစဉ်ဖြစ်စေရေး အလေး ထား ဆောင်ရွက်သွားရန် မှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်