
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ထန်တလန်နှင့် ဟားခါးမြို့တို့၌ မြို့မိမြို့ဖများနှင့်တွေ့ဆုံ ဟားခါးမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး
=================================================================
ဟားခါး ဩဂုတ် ၁၅
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိ နေသည့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ယနေ့တွင် ထန်တလန် နှင့် ဟားခါးမြို့တို့ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး ဟားခါးတက္ကသိုလ် ဘွဲ့နှင်း သဘင် တည်ဆောက်နေမှု၊ ဟားခါးမြို့ Cyclone Shelter တည်ဆောက် ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့နံနက် ၈ နာရီတွင် ထန်တလန်မြို့ ထန်တလန်နှစ်ခြင်း အသင်းတော်၊ Diamond Jubilee Memorial Hall ၌ ထန်တလန်မြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက နိုင်ငံတော်အစိုးရ၏ (၄) နှစ်တာကာလ အတွင်း အစိုးရနှင့် ပြည်သူ ပူးပေါင်း ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ကြသည့်
ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ ကို မြေပြင်တွင် လက်တွေ့မျက်မြင် သိရှိနိုင်ရန်၊ ဆက်သွယ်သွားလာရန် ခက်ခဲသည့် မိုးရာသီကာလတွင် ဒေသခံပြည်သူတို့၏ သွားလာရေး အခက်အခဲများကို သိရှိနိုင်ရန်နှင့် ဒေသခံပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လာရောက် ခြင်းဖြစ်ပါကြောင်း။
ဆက်လက်ပူးပေါင်းပါဝင်
နိုင်ငံဖွံ့ဖြိုး တိုးတက်မှုများကို ဒေသခံပြည်သူများ လက်တွေ့ခံစားနေ ကြရပြီဖြစ်ပါကြောင်း၊ ထိုဖွံ့ဖြိုး တိုးတက်မှုများမှ အချို့ကိုကောက်နုတ် ပြောကြားလိုပါကြောင်း၊ ပထမအချက် မှာ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ၏ ဆန် နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှုသည် လွန်ခဲ့သည့် ၁၉၃၄ ခုနှစ် နောက်ပိုင်း ၇၃ နှစ် အတွင်း အမြင့်မားဆုံး တင်ပို့ရောင်းချ နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒုတိယသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ ခရီးသွား လုပ်ငန်းကို ၂၀၁၉ ခုနှစ် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြန် ဆုံးအဖြစ် UNWTO က သတ်မှတ်ခြင်း ခံခဲ့ရပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၄၀ ဒသမ ၂ ရာခိုင်နှုန်းထိ ရှိခဲ့ပါကြောင်း၊ ထိုသို့ သော ဖွံ့ဖြိုးတိုးတက်မှုများသည် နိုင်ငံတော်အစိုးရ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဒေသခံ ပြည်သူများ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းများကြောင့်သာ ဖြစ် ပါကြောင်း၊ နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုးဖြစ်ထွန်းရေးအတွက် ဆက်လက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေ လိုပါကြောင်း။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့၏ ပူးပေါင်း ဆောင်ရွက်ခြင်း ရလဒ်ကောင်းများ ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အကောင်း ဆုံး ကာကွယ်ထိန်းချုပ်မှုစံပြအဖြစ် ကမ္ဘာက အသိအမှတ်ပြုထားပါ ကြောင်း။
အသက် ၁၈ နှစ်ပြည့်ပြီး ၅ နှစ်လျှင် တစ်ကြိမ်သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး သည် နိုင်ငံသားတိုင်းအတွက် များစွာ တန်ဖိုးရှိသည့် အခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း၊ အဆိုပါ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမှု မရှိစေလိုပါ ကြောင်း၊ မဲစာရင်းများ မှန်ကန်ရေး သည် အရေးကြီးပြီး အချို့နေရာများ တွင် မဲစာရင်းမှားယွင်းမှုများရှိသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများအနေဖြင့် အချိတ်အဆက် မိမိ ပူးပေါင်းဆောင်ရွက်ကြစေလိုပါ ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် သည့် အမိန့်ညွှန်ကြားချက်များ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာ ကျင့်သုံးဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
ရွှေ့ပြောင်း တောင်ယာစနစ်ကို အစားထိုးနိုင်ရေးအတွက် ချင်းပြည် နယ်၏ တောတောင်ရေမြေ သဘာဝ နှင့် လိုက်လျောညီထွေဖြစ်ပြီး ဈေးကွက်ဝင်ပစ္စည်းအမယ်ဖြစ်သည့် “ဝ” ဥ စိုက်ပျိုးထုတ်လုပ်ခြင်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖ ဦးငွန်ဟရမ်း နှင့် ဦးရှန်ဇဲလ်တို့က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် ထန်တလန် မြို့ အမှတ်(၃) ရပ်ကွက် ဘောလုံးကွင်း မြောက်ဘက်ခြမ်း မြေထိန်းနံရံနှင့် မြို့ရှောင်လမ်းပြိုကျခြင်းကို အမြန် ပြုပြင်ပေးနိုင်ရေး၊ “ဝ”ဥ စက်ရုံ တည်ဆောက်ပေးနိုင်ရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာ ၁၂ ရွာအတွက် တာဝါတိုင်စိုက်ထူ ပေးနိုင်ရေး၊ ကျေးရွာ ၁၈ ရွာကို ကျေးရွာအုပ်စုအဖြစ် တိုးချဲ့နိုင်ရေး၊ လျှပ်စစ်မီးမရရှိသေးသည့် အထက် တန်းကျောင်းနှင့် ကျေးလက်ကျန်းမာ ရေးဌာနတည်ရှိသည့် ကျေးရွာများကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား သွယ်တန်းပေးနိုင်ရေး၊ ဘွေနူးမြစ်ကူးတံတား တည်ဆောက် ပေးနိုင်ရေး၊ ထန်တလန်မြို့တော်ခန်းမ အသစ် ဆောက်လုပ်ပေးနိုင်ရေးနှင့် ထန်တလန်မြို့ ရေပေးဝေရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို တင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဦးခင်မောင်ဝင်း၊ ပြည်နယ်ဝန်ကြီး ဦးစိုးထက်၊ ဦးရွှေထီးယိုနှင့် အမြဲတမ်း အတွင်းဝန် ဦးရွှေလေးတို့က ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ဒုတိယသမ္မတက ကိုဗစ်-၁၉ ကာလတွင် ပါဝင်ဆောင်ရွက် နေကြသည့် စေတနာ့ဝန်ထမ်းပရဟိတ အဖွဲ့အား ထောက်ပံ့ငွေများပေးအပ် သည်။
နိုင်ငံသားကတ် ပေးအပ်
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ပြည်နယ် ဝန်ကြီး ဦးဖွေအားတို့က ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ကြသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန သစ္စာ စီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ထန်တလန်မြို့နယ် ခွာဟရန်၊ မှောင်တလန်၊ တလန်ပီးနှင့် အိုင်ဘူရ် ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ ၃၀၂ ဦးကို ပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယသမ္မတက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အစိုးရ နည်းပညာ အထက်တန်းကျောင်း (ထန်တလန်)ကို အစိုးရနည်းပညာနှင့် သက်မွေးပညာသိပ္ပံ (ထန်တလန်)အဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်မည်ဖြစ်၍ ဝမ်းမြောက်ဖွယ်ဖြစ်ပါ ကြောင်း၊ စေတနာ့ဝန်ထမ်း ပါဝင် ဆောင်ရွက်နေကြသူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရာတွင် ပြည်သူ များအားလုံး ဆက်လက်ပူးပေါင်း ပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဒုတိယသမ္မတသည် သဘာဝဘေးဒဏ်ကြောင့် ထန်တလန် မြို့ အမှတ်(၃)ရပ်ကွက် မြောက်ဘက် ခြမ်း မြေထိန်းနံရံမြေပြိုခြင်းနှင့် မြို့ရှောင်လမ်း၊ လမ်းသားပြတ်ကျ သည့် နေရာအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး နှင့် ညွှန်ကြားရေးမှူး ဦးဆန်းလွင်ဦး တို့က ထန်တလန်မြို့ပတ်လမ်းဆိုင်ရာ အချက်အလက်များ၊ သဘာဝဘေး ဒဏ်ကြောင့် မြေပြိုကျမှု၊ လမ်းပြတ်ကျ သည့်နေရာအား ယာယီပြန်လည် ပြင်ဆင်မည့် အဆိုပြုပုံစံတို့ကို ရှင်းလင်းတင်ပြသည်။
အဆိုပါ မြေထိန်းနံရံနှင့် လမ်းသား ပြတ်ကျမှုတို့သည် ဩဂုတ် ၈ ရက် နံနက် ၁၁ နာရီခွဲက ထန်တလန်မြို့တွင် မိုးရေချိန် ၂ ဒသမ ၁ လက်မ ရွာသွန်း မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခု လမ်းတာပေါင်အသစ် ပြန်တင်ဆဲ ဖြစ်ကြောင်းသိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ သည် မော်တော်ယာဉ်များဖြင့် ထန်တလန်မြို့မှ ဟားခါးမြို့သို့ ရောက်ရှိ ကြပြီး ဟားခါးတက္ကသိုလ်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှု စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် အင်ဂျင်နီယာ ချုပ် ဦးကျော်မင်းအေးတို့က လုပ်ငန်း ပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ဟားခါးကောလိပ် ယာယီရှင်းလင်း ဆောင်သို့ ရောက်ရှိရာ အမြဲတမ်း အတွင်းဝန် ဦးရွှေလေး၊ အင်ဂျင်နီယာ ချုပ် ဦးကျော်မင်းအေးနှင့် တာဝန်ရှိသူ များက ဟားခါးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ တည်ဆောက်ခြင်း လုပ်ငန်းဆိုင်ရာများ၊ တည်ဆောက် ပြီးစီးမှုများ၊ ဆက်လက်တည်ဆောက် သွားမည့်အစီအမံများ၊ ဟားခါး ပညာ့ရိပ်သာအိမ်ရာဝင်း တည်ဆောက် မှုများ၊ ကောလိပ်တိုးချဲ့မြေရရှိရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြ ကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ် လျဉ်း၍ ဒုတိယသမ္မတက တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ကြရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတည်ဆောက်နေမှုနှင့် ဟားခါး ပညာရိပ်သာအိမ်ရာဝင်းတည်ဆောက် မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ ဘွဲ့နှင်းသဘင်ခန်းမသည် သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး စီမံကိန်းတန်ဖိုး ငွေကျပ် ၉၃၃၁ ဒသမ ၁၉၄ သန်းဖြစ်ပြီး တည်ဆောက်ပြီးစီး မှု ၇၅ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရ သည်။
ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ Multi Purpose Cyclone Shelter ဆောက်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် ညွှန်ကြားရေးမှူး ဦးမင်းသိန်းတို့က Multi Purpose Cyclone Shelter တည်ဆောက်ပြီးစီး မှု၊ Cyclone Shelter ဆက်စပ်လုပ်ငန်း များ၊ Cyclone Shelter ဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် Multi Purpose Cyclone Shelter အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
သုံးထပ်ဆောင်သစ် စစ်ဆေး
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ဟားခါးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သုံးထပ်ဆောင်သစ် တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးရာ အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးရဲလေးမြင့်က ကျောင်း ဆောင်သစ်နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
အဆိုပါ သုံးထပ်ကျောင်းဆောင်သစ် သည် အလျားပေ ၁၄၀၊ အနံပေ ၃၀ ရှိပြီး သံကူကွန်ကရစ်အမျိုးအစားဖြစ် ကာ ခွင့်ပြုရန်ပုံငွေကျပ် ၅၇၆ ဒသမ ၆၅၂ သန်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမ၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက နိုင်ငံတော်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို လက်တွေ့ မျက်မြင်သိရှိနိုင်ရန်၊ ဒေသခံပြည်သူ တို့၏ ဆက်သွယ်သွားလာရေး အခက် အခဲများကို သိရှိနိုင်ရန်နှင့် ဒေသခံ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ် ချက်များကို ဒေသခံပြည်သူများထံမှ တိုက်ရိုက် မြင်တွေ့ကြားသိနိုင်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ဒေသ ဖွံ့ဖြိုးတိုးတက်လာသည်ကို မည်သူမျှ ငြင်းကွယ်၍မရပါကြောင်း၊ အတိုင်း အတာတစ်ခုအထိ တိုးတက်ပြောင်းလဲ ခဲ့ပါကြောင်း။
ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် အသက် ၁၈ နှစ်ပြည့်ပြီး ၅ နှစ်ပြည့်လျှင်တစ်ကြိမ် သာရရှိသည့် ဆန္ဒမဲပေးခွင့်အခွင့် အရေးကို မဆုံးရှုံးစေလိုပါကြောင်း၊ ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေးသည် အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာ ဌာနများသို့ လမ်းညွှန်ချက်များ ပေးပို့ ထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ် ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း များ၊ ညွှန်ကြားချက်များနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေ လိုပါကြောင်း။
၃၀၀၀၀ နှုန်းထောက်ပံ့မည်
ကိုဗစ် - ၁၉ စီးပွားရေးကုသမှုအစီအစဉ်တွင်ပါရှိသည့် ပန်းတိုင်အလိုက် အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ကိုဗစ်- ၁၉ ကာလ အတွင်း မသန်စွမ်းသူများအတွက် ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိ ရာ တစ်နိုင်ငံလုံး အတိုင်းအတာအရ မသန်စွမ်းသူဦးရေ နှစ်သိန်းကို ၃၀၀၀၀ ကျပ်နှုန်းစီထောက်ပံ့ပေးသွား မည်ဖြစ်ပါကြောင်း၊ ယခု ချင်းပြည်နယ် ရှိ မသန်စွမ်းသူများကို ထောက်ပံ့မည့် စာရင်းတွင် ကနဦးထောက်ပံ့ပြီးသူ ၂၆၉၁ ဦးရှိပြီး ထောက်ပံ့ရန်ကျန်သူ ဦးရေ ၆၁၃၀ ရှိသည့်အတွက် ၎င်းတို့ကို လည်း တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ စီဖြင့် စုစုပေါင်း ငွေကျပ် ၁၈၃၉ သိန်း ကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ ကိုယ်ဝန်ဆောင်မိခင် များအား ထောက်ပံ့ကြေးငွေ တစ်ဦး လျှင် ကျပ် ၃၀၀၀၀ နှုန်းစီ တစ်ကြိမ် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါ ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများအား ၂၀၁၇ ခုနှစ်မှစ၍ ချင်းပြည်နယ်၊ နာဂဒေသ နှင့် ရခိုင်ပြည်နယ်၊ ၂၀၁၉ ခုနှစ်တွင် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်၊ ၂၀၂၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လစဉ် ငွေကျပ် ၁၅၀၀၀ နှုန်း ထောက်ပံ့ပေး လျက်ရှိပါကြောင်း၊ လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို ၂၀၁၇-၂၀၁၈ ခုနှစ် တွင် အသက် ၉၀ နှစ်အထက်၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် အသက် ၈၅ နှစ် အထက် တစ်ဦးလျှင် တစ်လ ကျပ် ၁၀၀၀၀ နှုန်းဖြင့် လစဉ် ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရန် ရှေးရှုကြိုးပမ်း ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွား ဖြစ်ထွန်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဟားခါးမြို့ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်က ဒေသ ဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် ဟားခါး-မတူပီလမ်းပေါ်၌ ဆက်သွယ် ရေးတာဝါတိုင်များ တည်ဆောက်ပေး နိုင်ရေး၊ မြို့တော်ခန်းမအသစ် တည်ဆောက်ပေးနိုင်ရေး၊ ဟားခါး ခုတင် (၂၀၀)ဆေးရုံကို ခုတင်(၅၀၀) ဆေရုံ အဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး၊ ဆေးရုံကြီးရှိ ဓာတ်မှန်ဌာနအား တိုးချဲ့ဆောင်သို့ ပြောင်းရွှေ့ပေးနိုင်ရေး၊ ကျေးလက်ကျန်းမာရေး ဌာနခွဲမှ ကျေးလက်ကျန်းမာရေး ဌာနအဖြစ် တိုးမြှင့်သတ်မှတ်နိုင်ရေး၊ ကျေးလက် ကျန်းမာရေးဌာနခွဲ အသစ်သတ်မှတ် ပေးနိုင်ရေး၊ ဟားခါးထာရ်(၂) ရပ်ကွက် ဘောလုံးကွင်းအား စံချိန်မီဘောလုံး ကွင်းအဖြစ် တည်ဆောက်ပေးနိုင်ရေး၊ ဟားခါးမြို့ပေါ် ချောင်းများအား ကျောက်စီနံရံနှင့် ရေမြောင်းများ တည်ဆောက်ပေးနိုင်ရေး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗန်ကုလ်ကျောင်းဆောင်အား အသစ် ပြန်လည် တည်ဆောက်ပေးနိုင်ရေး၊ အမာခံလမ်းများ ခင်းပေးနိုင်ရေးတို့ကို တင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ် ဝန်ကြီးများဖြစ်ကြသည့် ဦးစိုးထက်၊ ဦးပေါင်လွန်းမင့်ထန်၊ ဦးရွှေထီးယိုနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး တို့က ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတသည် ဟားခါးမြို့ရှိ ထောက်ပံ့ပေးရန် ကျန်ရှိ သော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်က လက်ခံရယူသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ကာလ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြ သည့် စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့ နှင့် ဟားခါးခရိုင်နှင့် မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်နှင့် ပြည်နယ်ဝန်ကြီး ဦးဖွေအားတို့က ဟားခါးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ် ကြသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ဟားခါးမြို့ မြို့သစ်ရပ်ကွက်၊ ဟားခါးထာရ်(၁)၊ (၂)ရပ်ကွက်၊ ချွန်ကျုံး၊ နှီဂရ်လောရ်၊ ဟဇုန်ဟရိန်၊ ဘွာလ်တပ်၊ ဟိုင်ဖိုင်၊ ဘုံသွ၊ ဘီဖူးလ်နှင့် ရင်ယီးရင်သဲ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူ ၃၄၆ ဦးကို ပေးအပ်ခဲ့ သည်။
ယင်းနောက် ဒုတိယသမ္မတသည် ဧပြီ ၁၆ ရက်က လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ကျောင်းအုတ်နံရံ များပြိုကျခဲ့သည့် ဟားခါးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ အန္တရာယ်ရှိကျောင်းဆောင် အား ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ် ကြီး ဦးဗျက်ကျုံးက အဆောက်အအုံ အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ၌ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
သတင်းစဉ်