
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား
========================================================================================================
နေပြည်တော် ဇန်နဝါရီ ၈
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ(၁/၂၀၂၁) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။
ဆွေးနွေး
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ဗဟို ကော်မတီဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များနှင့် တာဝန် ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၁)သို့ ပေးပို့သည့် အမှာ စကား ဗီဒီယိုကို ပြသသည်။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် အမှာစကားကို စာမျက်နှာ(၃)တွင် ဖော်ပြထားပါသည်။)
ထို့နောက် ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ၂၀၂၁ ခုနှစ်တွင် စတင် ကျင်းပသည့် ယနေ့အစည်းအဝေး၏ ရည်ရွယ် ချက်မှာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ၏ ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြရန် နှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ မကြာမီ နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအတွက် ပြင်ဆင် ဆောင်ရွက်ထားကြရ မည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည် ဖြစ်ပါကြောင်း။
ထိခိုက်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရ
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုသည် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး၏ လူမှု စီးပွားရေးကဏ္ဍအားလုံးကို သက်ရောက်မှုရှိခဲ့ ပြီး ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် အပြင်းထန် ဆုံး အကျိုးသက်ရောက်မှုဖြစ်ပေါ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ခရီးသွားလုပ်ငန်းကို မှီခိုနေ သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံး မှုများစွာ ဖြစ်ပေါ်ခဲ့ရပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ စာရင်းဇယားများအရ ခရီးသွား လုပ်ငန်းနှင့် တိုက်ရိုက်ပတ်သက်သည့် အလုပ် အကိုင် သန်း (၁၀၀)ခန့် ဆုံးရှုံးနေသည်ဟု သိရှိ ရပါကြောင်း၊ အမျိုးသမီးများနှင့် လူငယ် အများစု လုပ်ကိုင်နေသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း အပေါ် အဓိကထိခိုက်နေပြီး စီးပွားရေး အခြေ အနေ၊ လူမှုရေးနှင့် ကျန်းမာရေးအခြေအနေ များကိုသာမက ယဉ်ကျေးမှုကဏ္ဍမှ အမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်မှုများနှင့် လူမှု အသိုင်းအဝိုင်းများအပေါ်၌ပါ ဖိအားပေးမှုနှင့် ရေရှည်အကျိုးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပါ ကြောင်း။
မြန်မာနိုင်ငံ၌ COVID-19 ရောဂါ စတင် ရောက်ရှိလာချိန်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီသည် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)၏ နောက်ဆက်တွဲ အဖြစ် အဆင့်(၃)ဆင့်ပါဝင်သည့် COVID-19 မြန်မာ့ခရီးသွားလုပ်ငန်းထိခိုက်မှု သက်သာရေး စီမံချက် (၂၀၂၀)ကို ရေးဆွဲအတည်ပြုချက်ရယူ ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ ကြောင်း။
ပထမအဆင့်ဖြစ်သည့် Survival တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၏ လိုင်စင်ကြေးများကို တစ်နှစ်တာ ကင်းလွတ် ခွင့်ပြုပေးခဲ့ရာ ဟိုတယ်နှင့် တည်းခိုခန်းများ သက်သာခွင့် ငွေကျပ်သန်း ၅၀၀ ကျော်၊ ခရီးလှည့်လည်ရေးလုပ်ငန်းများ သက်သာခွင့် ငွေကျပ်သန်း ၄၅၀ နီးပါးနှင့် ဧည့်လမ်းညွှန်များ သက်သာခွင့် ငွေကျပ် သန်း ၁၀၀ နီးပါး ရရှိစေခဲ့ ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများက ပေးဆောင်ရန်ရှိသည့် အခွန် အခများကို (၆)လ ရွှေ့ဆိုင်းပေးခဲ့ပါကြောင်း၊ FDI ဟိုတယ်များ၏ ငှားရမ်းခ ၅၀ ရာခိုင်နှုန်းကို (၉)လအထိ လျှော့ချပေးခဲ့ရာ အမေရိကန် ဒေါ်လာ ၆ သန်းနီးပါး သက်သာခွင့်ရရှိခဲ့ပြီး နိုင်ငံပိုင်ဟိုတယ်များအနေဖြင့် ငွေကျပ်သန်း ၁၈၀၀ နီးပါး သက်သာခွင့်ရရှိစေခဲ့ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ အတွက် တစ်နှစ်ချေးငွေ ၁ ရာခိုင်နှုန်း အတိုးဖြင့် ငွေကျပ်သန်း ၂၁၀၀၀ ကျော် ရရှိရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ခရီးသွားလုပ်ငန်း များ ရပ်တန့်သွားရမှုကြောင့် အလုပ်လက်မဲ့ ဖြစ်ရသည့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများမှ ဝန်ထမ်းများနှင့် ဆက်စပ် လုပ်ငန်းများမှ အခြေခံပြည်သူများ ဝင်ငွေရရှိ စေရန် ခရီးသွားလုပ်ငန်းအခြေခံနှင့် အဆင့်မြင့် cash for training သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး တက်ရောက်သူ ၃၀၀၀ နီးပါးကို သင်တန်း ၁ ရက်လျှင် ငွေကျပ် ၄၈၀၀၊ နည်းပြအဖြစ် ဆောင်ရွက်ပေးသော ဧည့်လမ်းညွှန်များနှင့် ဝါရင့် ဟိုတယ်နှင့် ခရီးသွားဝန်ထမ်း ၁၂၀၀ နီးပါးကို ငွေကျပ်တစ်သောင်း ချီးမြှင့်ပေးခဲ့ ပါကြောင်း၊ Cash for training အတွက် ငွေကျပ် သန်း ၂၃၀ အသုံးပြုပေးခဲ့ပါကြောင်း။
ဒုတိယအဆင့် Reopening တွင် ပြည်တွင်း ခရီးသွားများနှင့် လုပ်ငန်းပြန်လည် စတင်ရာ၌ ခရီးသွားများနှင့် ဝန်ဆောင်မှုပေးမည့် ဝန်ထမ်း များ ဘေးကင်းလုံခြုံစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ထား သော COVID-19 ကပ်ရောဂါ ထိန်းသိမ်း ကာကွယ်ရေး လမ်းညွှန်မှုများကို စုပေါင်း ထုတ်ပြန်ထားသည့် COVID-19 ရောဂါ ကင်းဝေးရေးဆိုင်ရာ အမျိုးသားခရီးသွား လုပ်ငန်းလမ်းညွှန်ကို လက်စွဲအဖြစ်ထုတ်ပြန်၍ သင်တန်းများပေးခြင်း၊ လိုက်နာစိစစ်မှု ဆောင်ရွက်၍ လုပ်ငန်းပြန်လည်စတင်ခွင့်ပေး ခြင်းတို့ကို ဒေသန္တရအာဏာပိုင်များ၊ ဆက်စပ် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်တွင်း၌ လုံခြုံ စိတ်ချစွာ ခရီးသွားနိုင်သော destination များ အကြောင်းကို social media မှတစ်ဆင့် ပြည်တွင်းခရီးသွားများ သိရှိအောင် digital marketing ဖြင့် လုပ်ဆောင်ခဲ့ပါကြောင်း။
တတိယအဆင့် Relaunching ဆောင်ရွက် နိုင်ရန် နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံ ကို safe tourism destination အဖြစ် ယုံကြည် စိတ်ချလာစေရန် ကမ္ဘာ့ခရီးသွားလုပ်ငန်း ကောင်စီ အသိအမှတ်ပြုတံဆိပ်ရရှိရေးကို ဦးတည်သည့် Enchanting Myanmar Health & Safety Protocol ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ရေးဆွဲတင်ပြ အတည်ပြုချက် ရယူပြီးဖြစ်ပါကြောင်း၊ ယင်း protocol နှင့် အညီ ဘေးကင်းလုံခြုံစွာ ခရီးသွားနိုင်ကြောင်း ကို အများပြည်သူ သိမြင်လက်ခံလာရန် non-landing sightseeing flight နှင့် river cruise များကို ယခင်လကစ၍ Public Relation Campaign အဖြစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ caravan tour နှင့် day trip flight to ငပလီ နှင့် ပုဂံကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
စတင်ပို့ချပေးနေ
ယင်း protocol နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန်၊ သင်တန်းပေးရန်နှင့် လုပ်ငန်း လုပ်ဆောင်မှုကိုစစ်ဆေးရန် လိုအပ်သော ကျွမ်းကျင်သူများမွေးထုတ်ရေး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများ နှင့်အညီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ cash for training သင်တန်းများ စတင်ပို့ချ ပေးနေပါကြောင်း၊ သင်တန်းဆရာ ၃၀၀ နှင့် ဆင့်ပွားသင်တန်းတက်ရောက်သူ ၁၀၀၀ ကျော် ကို ငွေကျပ်သန်း ၁၄၀ အသုံးပြုသင်ကြားပို့ချ သွားမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် International flight များ စတင်ပျံသန်းရေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းမှုများ လုပ်ဆောင်နေပါကြောင်း၊ Business traveller များနှင့်စတင်၍ package tour များကို COVID-19 ရောဂါကူးစက်မှု ထိန်းသိမ်းနိုင်သည့် နည်းလမ်းများဖြင့် မိတ်ဖက်နိုင်ငံများအကြား travel bubble များအဖြစ် စတင်ဆောင်ရွက် နိုင်ရန် ပြင်ဆင်နေပါကြောင်း။
COVID-19 ကူးစက်ရောဂါ၏ ရိုက်ခတ်မှု ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် စီးပွား ရေးဆိုင်ရာ သက်ရောက်မှုများ ဖြစ်ပေါ်ရသည် မှာ မှန်ကန်သော်လည်း တစ်ဖက်တွင် ခရီးသွား များအတွက် ကျန်းမာရေးဆိုင်ရာလုံခြုံမှုရှိပြီး တာဝန်ယူမှုရှိသော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းအနေဖြင့် သဘာဝသယံဇာတများနှင့် ဂေဟစနစ်အပေါ် သက်ရောက်မှုကို လျှော့ချပြီး ခရီးသွားလုပ်ငန်း မှ ရရှိသောအကျိုးအမြတ်များကို မျှတစွာ ခွဲဝေ သုံးစွဲနိုင်အောင် စီမံခန့်ခွဲရေး အခွင့်အလမ်းများ ကိုလည်း ဖြစ်ပေါ်စေပါကြောင်း၊ ရေရှည် တည်တံ့ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (Sustain-able Development Goals)နှင့်အညီ သဘာဝ အရင်းအမြစ်များအပေါ် မှီခိုနေရသည့် အခြေ အနေမှ လွတ်မြောက်ရေးနှင့် ပိုမိုဒဏ်ခံနိုင်ပြီး အားလုံးပါဝင်သော ခရီးသွားလုပ်ငန်းကို အကျိုးရှိစွာ အသုံးချနိုင်မည့် အနာဂတ်သို့ ရောက်ရှိစေရေး ခရီးသွားလုပ်ငန်းနယ်ပယ်မှ Stakeholders များအကြား စည်းလုံးညီညွတ် စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း။
တစ်ကမ္ဘာလုံးရှိ ခရီးသွားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဦးဆောင်မှု ပေးနေသော အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်သည် ခရီးသွား လုပ်ငန်း ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် (၃)ရပ်အဖြစ် စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးခြင်း၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်းဖြင့် လူမှု စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို လျှော့ချရေးဆောင်ရွက်ရန်၊ ခရီးသွားလုပ်ငန်း ကို လုံခြုံစိတ်ချစွာ ပြန်လည်စတင်ရေးနှင့် ကုစားမှုပေးရေးအတွက် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ခရီးသွားများအတွက် လုံခြုံစိတ်ချမှုပေးနိုင် သော နိုင်ငံတကာစံနှုန်းများ ရေးဆွဲခြင်းဖြင့် ခရီးသွားလာသူများ၏ယုံကြည်မှုကို ပြန်လည် တည်ဆောက်ပေးရန်တို့ကို ချမှတ်ခဲ့ပါ ကြောင်း။
အထောက်အပံ့ပေးသွားရန် ရည်ရွယ်
ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး အစီအစဉ်များ ကြီးကြပ်ဆောင်ရွက်ရန် နိုင်ငံ တကာအစိုးရများနှင့် ပုဂ္ဂလိက Stakeholder များပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွား လုပ်ငန်း အကျပ်အတည်းဆိုင်ရာကော်မတီ (Global Tourism Crisis Committee)ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ဖွဲ့စည်း ဆောင်ရွက်နေပါကြောင်း၊ ယင်းကော်မတီက ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် လမ်းညွှန်မှုများပေးနိုင်ရန်၊ အနာဂတ်တွင် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံ အုတ်မြစ်များ တည်ဆောက်နိုင်ရန်၊ လူသားများ သာယာဝပြောစေရေးအတွက် စီးပွားရေးအခြေ အနေများ ပြန်လည်ကောင်းမွန်လာရန်၊ တာဝန်သိခရီးသွားလုပ်ငန်း ဖော်ဆောင်ရန်၊ ခရီးသွားလုပ်ငန်း ဂေဟစနစ်များနှင့် ဆက်စပ် နေမှုအခြေအနေများကို ပြန်လည်ဆန်းစစ်ရန် နှင့် လူမှုစီးပွား ပြန်လည်ထူထောင်ရေး အစီအစဉ် များကို ဖော်ဆောင်ရေးအတွက် အထောက်အပံ့ ပေးသွားရန် ရည်ရွယ်ပါကြောင်း။
Global Tourism Crisis Committee က ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန်နှင့် အနာဂတ်တွင် ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲ၍ ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်ရန် UNWTO Priorities for Global Tourism Recovery နှင့် UNWTO Global Guidelines to Restart Tourism ကို ရေးဆွဲချမှတ်ခဲ့ပါ ကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ဒေသတွင်းစီးပွားရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် အဓိကကျသောကဏ္ဍဖြစ်သည့်အားလျော်စွာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသတွင်း ခရီးသွား လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများ ရရှိစေရေးအတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်တွင် ဗီယက်နမ် နိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခဲ့သည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးတွင် “ဒစ်ဂျစ်တယ် ခရီးသွားလုပ်ငန်း ဆိုင်ရာ အာဆီယံကြေညာချက်”ကို ထုတ်ပြန် ခဲ့ပါကြောင်း။
အဆိုပါကြေညာချက်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ခရီးသွားလုပ်ငန်း အခွင့် အလမ်းများရရှိရန်၊ အာဆီယံခရီးသွားလုပ်ငန်း ကဏ္ဍတွင် လုံခြုံစိတ်ချစွာ လည်ပတ်နိုင်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော စံသတ်မှတ် ချက်နှင့် အရည်အသွေးပြည့်ဝသော ဝန်ဆောင် မှုကောင်းများ ထောက်ပံ့ပေးနိုင်ရန်၊ အဖွဲ့ဝင် နိုင်ငံများအချင်းချင်း ရှိရင်းစွဲခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရန်နှင့် နည်းပညာ တီထွင်ဆန်းသစ်မှုအစရှိသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ASEAN နိုင်ငံများ၏ ခရီးသွားလုပ်ငန်းအပေါ် COVID-19 အကျိုးသက်ရောက်မှုများ လျော့ပါးစေရေးအတွက် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ASEAN Comprehensive Recovery Framework (ACRF)ကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
အတည်ပြုချက်ရယူပြီးဖြစ်
မြန်မာနိုင်ငံအနေဖြင့် ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို အထောက်အကူပြုမည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည် ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)ကို ကျန်းမာရေး၊ ဘေးကင်း လုံခြုံရေး၊ အဖွဲ့ဝင် နိုင်ငံများအချင်းချင်း သတင်းအချက်အလက်များ ဖလှယ်ရေး၊ ဧည့်ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူများအတွက် အင်တာနက်မှ တစ်ဆင့် လေ့လာသင်ယူနိုင်ရေး ဖော်ဆောင် ပေးခြင်း၊ ဒစ်ဂျစ်တယ်စနစ်ဖြင့် ခေတ်မီ ဆန်းသစ်သော ခရီးသွားလုပ်ငန်း ဂေဟစနစ် တည်ဆောက်ခြင်းတို့ကို ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေး လမ်းညွှန်ချက်များ၊ ကိုဗစ်-၁၉ အကျိုးသက်ရောက်မှုများ လျော့ပါး စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ASEAN Comprehensive Recovery Framework လမ်းညွှန်မှုများနှင့်အညီ ရေးဆွဲပြုစု၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အတည်ပြု ချက်ရယူပြီးဖြစ်ပါကြောင်း။
ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ခရီးသွား များ၏ ရွေးချယ်မှုသည် ယခင်နှင့်မတူ ပြောင်းလဲသွားပြီး လူပြည့်ကျပ်သော မြို့ပြ ဘဝခရီးသွားထက် Physical Distancing ဖြင့် နေထိုင်သွားလာခြင်းနှင့် Nature Tourism, Ethnic Tourism, Environmental Tourism ကဲ့သို့ လူစည်ကားသော နေရာမဟုတ်သည့် နေရာများကို သွားလာရန်ပိုမိုလိုလား လာကြ လိမ့်မည်ဟု ခန့်မှန်းထားသည့်အတွက် ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည် ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း မဟာဗျုဟာ လမ်းပြမြေပုံများကို ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မိမိတို့ဒေသအလိုက်၊ ဇုန်အလိုက် ရေးဆွဲတင်ပြသွားကြရန် လိုအပ်ပါကြောင်း။
ပူးပေါင်းအကောင်အထည်ဖော်
ကိုဗစ် - ၁၉ အလွန်ကာလတွင် မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ၏ ပြောင်းလဲမှု ဖြစ်စဉ်များအတွက် ခရီးသွားများ၏ လိုအပ် ချက်များနှင့်ကိုက်ညီစေပြီး လိုက်လျောညီထွေ ဖြစ်အောင် ရေရှည်တည်တံ့၍ ခံနိုင်ရည်ရှိသော ခရီးသွားလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဝန်ကြီး ဌာနများ၊ ခရီးသွားလုပ်ငန်းကော်မတီများ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ် ဒေသ စီမံခန့်ခွဲမှုအဖွဲ့များက ခရီးသွားလုပ်ငန်း ကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာ လမ်းပြမြေပုံတွင် ရေးဆွဲထားရှိသည့် မဟာ ဗျူဟာနှင့် လုပ်ဆောင်ချက်များအတိုင်း ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဗဟို ကော်မတီ၏ဆုံးဖြတ်ချက်များအပေါ် ခရီးသွား လုပ်ငန်းကော်မတီ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးတင်လတ်က ကိုဗစ်ကာလ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအပေါ် သက်ရောက်မှုများ၊ ဟိုတယ်လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများ၏ လတ်တလော အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဗဟိုကော်မတီတွဲဖက် အတွင်းရေးမှူး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် ကျော်က ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၀) ဆုံးဖြတ်ချက်များ မှတ်တမ်းတင် ပေးနိုင်ရေး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပြင်ဆင် ဖွဲ့စည်းနိုင်ရေး၊ Myanmar Tourism Strategic Recovery Roadmap (MTSRR) (၂၀၂၁-၂၀၂၅) ကို အတည်ပြုပေးနိုင်ရေးနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်များတွင် မိမိဒေသလိုအပ်ချက် အပေါ်ထင်ဟပ်၍ လိုက်နာဆောင်ရွက်ရန် ကိစ္စကို အတည်ပြုနိုင်ရေး၊ Enchanting Myanmar Health and Safety Protocol အစီအစဉ်အရ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အတည်ပြုနိုင်ရေးနှင့် အားကစားခရီးသွား လုပ်ငန်းကော်မတီနှင့် အစားအသောက် ဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီတို့အား ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။
စက်ခလုတ်နှိပ်
ထို့နောက် ဒုတိယသမ္မတက Myanmar Tourism Strategic Recovery Roadmap (MTSRR) (၂၀၂၁-၂၀၂၅) နှင့် Enchanting Myanmar Health and Safety Protocol တို့အား စက်ခလုတ်နှိပ်၍ Online Official Launching ပြုလုပ်ပေးသည်။
ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသန့်စင် မောင်၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာ သန်းမြင့်နှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဗိုလ်ချုပ်စိုးတင့်နိုင်တို့က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေး စည်းမျဉ်းဥပဒေများနှင့်အညီ ဆက်လက် ပူးပေါင်းကူညီဆောင်ရွက်သွားမည့် အစီအမံ များ၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်ခံရ သည့် လုပ်ငန်းများအပေါ် ပြန်လည်ကုစားရေး အစီအစဉ်ဆောင်ရွက်နေမှုများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အကြံပြု ချက်များ၊ အဆိုပြုချက်များနှင့် အသိပညာ ပေးခြင်းဆိုင်ရာများ၊ သာသနာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ခရီးသွားလုပ်ငန်း နေရာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍရှိ ကျွမ်းကျင်လုပ်သား ဆိုင်ရာများ၊ ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၀) ဆုံးဖြတ်ချက်များအပေါ် ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ လူထုအခြေပြုခရီးသွားလုပ်ငန်း များဖော်ဆောင်ရေး၊ ပြည်တွင်းခရီးသွား လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးနှင့် ခရီးသွားများ လိုက်နာဆောင်ရွက်သင့်သည့် ကိစ္စရပ်များ၊ ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးနှင့် စပ်လျဉ်းသည့် ပြည်ပနိုင်ငံများ၏ ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြ သည်။
ရှင်းလင်းဆွေးနွေးတင်ပြ
ယင်းနောက် ဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များက အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ (၁/၂၀၂၀) အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုများ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ ကိုလည်းကောင်း၊ ဗဟိုကော်မတီဝင် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်း ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုများကို လည်းကောင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်