ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်းနေ့အခမ်းအနားသို့ Video Conferencing စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် အောက်တိုဘာ ၂၀


၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်းနေ့ (World Statistics Day – 2020) အခမ်းအနား (Virtual Event) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်-၃၂၌ ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝ ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ Video Conferencing စနစ်ဖြင့် တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ စာရင်းအင်း အချက်အလက်မှန်ကန်ရေးနှင့် အရည် အသွေးပြည့်ဝရေး ဗဟိုကော်မတီ
အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးစိုးဝင်း၊ ဦးကျော်တင်၊ ဒေါက်တာ ဖေမြင့်၊ ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ သန်းမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေး နှင့် ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင် နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များနှင့် ပုဂ္ဂလိကကဏ္ဍလုပ်ငန်းအဖွဲ့ များမှ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက် ကြသည်။
(၅)နှစ်တစ်ကြိမ် ကျင်းပ
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကုလသမဂ္ဂ စာရင်းအင်းကော်မရှင်က ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် (၆၉/၂၈၂) အရ ၂၀၁၀ ပြည့် နှစ်မှစတင်၍ အောက်တိုဘာ ၂ဝ ရက် ကို ကမ္ဘာ့စာရင်းအင်းနေ့ (World Statistics Day) အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် (၅) နှစ် တစ်ကြိမ် ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌လည်း ကမ္ဘာ့စာရင်းအင်း နေ့ကို၂၀၁၀ ပြည့်နှစ်တွင် ပထမ အကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ဒုတိယ အကြိမ် ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ် တွင် COVID-19 ကပ်ရောဂါကို ကမ္ဘာ တစ်ဝန်းကြုံတွေ့နေရသည့်အတွက် အခမ်းအနားကို Onilne ဖြင့် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်း နေ့ဆောင်ပုဒ်ဖြစ်သည့် “Connecting the world with data we can trust” “ဆန်းသစ်ယုံကြည် စာရင်းအင်း အချက်အလက် အခြေတည်ချိတ် ဆက်ဝေမည် ဖွံ့ဖြိုးတိုးတက်နိုင်ငံဆီ” ဟူသောဆောင်ပုဒ်သည် အမျိုးသား စာရင်းအင်းစနစ် အားကောင်းလာပြီး ယုံကြည်စိတ်ချရသည့် စာရင်းအင်း အချက်အလက်များ ထုတ်ပြန်ပေး ခြင်းဖြင့် ပြည်သူများ၏ ယုံကြည်မှု တိုးမြှင့်လာစေရန်၊ ယုံကြည်စိတ်ချ ရသည့် အချက်အလက်များနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု အားကောင်းလာစေရန် ရည်ရွယ်ထားပါကြောင်း။
ကမ္ဘာကြီး၏ လက်ရှိပြောင်းလဲ မှုကိုသိရှိနိုင်ရန် ယုံကြည်ကိုးစားနိုင် သည့်အချက်အလက်များ လိုအပ်သကဲ့ သို့ ကမ္ဘာတစ်ဝန်းတွေ့ကြုံနေရသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် Corona Virus ရောဂါကူးစက်မှု၊ ပျံ့နှံ့မှုကို တုံ့ပြန်ရာတွင် စာရင်းအင်းအချက် အလက်များသည် များစွာအရေးပါ သည်ကို တွေ့ရပါကြောင်း။
ယနေ့ အခမ်းအနား၏ နောက်ထပ်ရည်ရွယ်ချက်မှာ စာရင်း အင်း အရည်အသွေးပြည့်ဝရေးနှင့် စာရင်းအင်းစနစ် ပြည့်စုံတိကျမှန်ကန် စေရေးအတွက် လူမှု-စီးပွားဆိုင်ရာ အချက်အလက်များနှင့် ညွှန်းကိန်းများ ကို ပြည့်စုံအောင်တွက်ချက်နိုင်မည့် မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်း စနစ် ပေါ်ပေါက်လာစေရန် Stake-holders များအားလုံးအနေဖြင့် လိုအပ် သည့်စာရင်းအင်းများ ပံ့ပိုးကူညီနိုင်ရန် နှင့် ထိရောက်သည့်ပူးပေါင်းဆောင်ရွက် မှုအားကောင်းစေရန်၊ ယုံကြည်စိတ်ချ ရသည့် အချက်အလက်များနှင့် အစိုးရ နှင့်ပြည်သူများအကြား၊ နိုင်ငံတကာအသိုင်းအဝိုင်းများအကြား ယုံကြည်မှု တိုးမြင့်စေရန် ဖြစ်ပါကြောင်း။
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက် တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၁)ဖြင့် ပြဋ္ဌာန်းခဲ့သည့် မြန်မာ နိုင်ငံ၏ စာရင်းအင်းဥပဒေသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၂၂) ရက်တွင် စတင် ဥပဒေသက်ရောက်နေပြီ ဖြစ်ပါကြောင်း၊ စာရင်းအင်းဥပဒေသည် စာရင်းအင်း နှင့်ဆိုင်သည့် ဥပဒေအားလုံးတို့၏ Mother Law ဖြစ်ပါကြောင်း။
တိကျမှန်ကန်၊ အရည်အသွေး ပြည့်ဝပြီး ယုံကြည်စိတ်ချရသည့် စာရင်းအင်းများကို အချိန်နှင့်တစ်ပြေး ညီ ပြုစုပံ့ပိုးနိုင်သည့် မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်းစနစ် ပေါ်ပေါက် စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီကို စာရင်းအင်း ဥပဒေအရ အဆင့်မြှင့်တင်ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပြီး စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း စာရင်း အင်းအချက်အလက် မှန်ကန်ရေး နှင့် အရည်အသွေးပြည့်ဝရေး ဗဟို ကော်မတီအစည်းအဝေးကို (၁၀)ကြိမ် ကျင်းပနိုင်ခဲ့ပါကြောင်း။
စာရင်းအင်းဥပဒေအရ စာရင်း အင်းမူဝါဒအနှစ်ချုပ် (Statistical Policy Brief)၊ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ (National Strategy for Develop-ment of Statistics-NSDS)Imple-mentation Action Plan (2018-19~2022-23) တို့ကို ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း အဖွဲ့များဖွဲ့စည်းကာ အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ခေတ်စနစ်နှင့်အညီ၊ ဌာနများ၏ လိုအပ်ချက်များနှင့်အညီ အကောင် အထည်ဖော်နိုင်ရေးအတွက် NSDS Implementation Action Plan ကို Living Document အနေဖြင့် ထားရှိဆောင်ရွက်လျက်ရှိပါကြောင်း။
နှစ်စဉ်ထုတ်ပြန်
စာရင်းအင်း ကဏ္ဍများအလိုက် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရေးလုပ်ငန်းအဖွဲ့(Clusters) (၁၀) ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အတွက် စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည့် စာရင်း အင်းအချက်အလက်များကို ဖြည့်ဆည်း ပေးနိုင်ရန် တိရစ္ဆာန်သန်းခေါင်စာရင်း၊ မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း၊ မြန်မာနိုင်ငံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း စစ်တမ်းနှင့် လုပ်သားအင်အားစစ်တမ်း များကို ကောက်ယူခဲ့ပါကြောင်း၊ လူမှု ရေး အထောက်အကူပြုစာရင်းအင်း များကို ဖြည့်ဆည်းပေးနိုင်သည့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း၊ ပညာရေးကဏ္ဍ၏ အချက်အလက်များ ထည့်သွင်းဆောင်ရွက်နေသည့် Edu-cation Management Informa-tion System(EMIS) စနစ်၊ အီလက် ထရွန်နစ် ကျန်းမာရေးသတင်းစနစ် တို့ဖြင့် အချက်အလက်များစုဆောင်း ပြီး Hospital Statistics Report ကို နှစ်စဉ်ထုတ်ပြန်ခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု စာရင်းအင်းများ ဖြည့်ဆည်းရေးအတွက် Environ-mental Statistical System ထူထောင်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် စပ်လျဉ်း၍ ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် အခြေအနေ များကို သိရှိနိုင်ရေးအတွက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်းကို လည်း နှစ်စဉ်ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။
နိုင်ငံတိုင်းတွင် စာရင်းအင်း ထုတ်လုပ်သူများ၊ စာရင်းအင်းအသုံးပြု သူများနှင့် စာရင်းအင်းနှင့် ဆက်နွှယ် ပတ်သက်နေသူများအားလုံး လိုက်နာ ဆောင်ရွက်ကြရမည့် ကျင့်ဝတ်များ ထုတ်ပြန်ထားသကဲ့သို့ မြန်မာနိုင်ငံ၌ လည်း ကျင့်ဝတ်နှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် စာရင်း အင်းဆိုင်ရာကျင့်ဝတ် (Code of Practice-COP) ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေပါကြောင်း။
စာရင်းအင်းအချက်အလက်များ သည် တိုင်းပြည်တိုးတက်မှုကို တိုင်းတာရာတွင် များစွာအရေးပါ သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ စာရင်းအင်း နယ်ပယ်တွင် အရည်အသွေးရှိသည့် စာရင်းအင်းများ ရရှိနိုင်ရေးအတွက် ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက် လာရန် စွမ်းရည်တည်ဆောက်ရေး တွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သကဲ့သို့ စာရင်းအင်းဆိုင်ရာ အသိပညာနှင့် အချက်အလက်များကို အသုံးပြုသည့် အလေ့အထ (Data Culture) ကို ဌာန ဆိုင်ရာများ၌သာမက အများပြည်သူ နှင့် ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်း များအကြား၌ပါ ပျံ့နှံ့စေရေးအတွက် Platform တစ်ခု လိုအပ်သည့်အတွက် ကမ္ဘာ့စာရင်းအင်းနေ့ကို ကျင်းပ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။
တရားဝင်စာရင်းအင်းများ
ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ရည်မှန်းချက်များ အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တရားဝင် စာရင်းအင်းများသည် များစွာအရေးပါ သည့်အတွက် ကမ္ဘာ့စာရင်းအင်းနေ့ တွင် တရားဝင်စာရင်းအင်းများကို အဓိကထားအာရုံစိုက်ရန် တိုက်တွန်း နေခြင်းဖြစ်ပါကြောင်း၊ စာရင်းအင်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ၂၀၃၀ ပြည့်နှစ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (Sub-stainable Development Goals-SDGs)၏ အောင်မြင်မှုကို စောင့်ကြည့်၊ အကဲဖြတ်နိုင်ရေးအတွက် တစ်ခု တည်းသော နည်းလမ်းဖြစ်ပါကြောင်း။
ညွှန်ကိန်းပေါင်း ၂၈၆ ခု ပါရှိ
မြန်မာနိုင်ငံအနေဖြင့် မိမိတို့ နိုင်ငံအခြေအနေနှင့် လျော်ညီသည့် ဖွံ့ဖြိုးမှုလိုအပ်ချက်များကို ထည့်သွင်း ထားသည့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) {Myanmar Sustainable Development Plan- MSDP (2018-2030)} ကို ရေးဆွဲခဲ့ပြီး မဟာဗျူဟာ များနှင့်အညီ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ MSDP ကို အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုများနှင့် ထိရောက်မှုများကို စောင့်ကြည့် အကဲဖြတ်နိုင်စေရေး အတွက် အမျိုးသားညွှန်ကိန်းမူဘောင် (National Indicator Framework-NIF)ကိုဖော်ထုတ်ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ အမျိုးသားညွှန်ကိန်းမူဘောင် တွင် ညွှန်ကိန်းပေါင်း ၂၈၆ ခု ပါရှိပါ ကြောင်း။
အမျိုးသား စာရင်းအင်းစနစ် ဖြစ်ပေါ်လာရေး ဆောင်ရွက်ရာတွင် အကျိုးရှိထိရောက်သည့် ရင်းနှီးမြှုပ်နှံ မှုဖြစ်စေရန် နိုင်ငံတော်က ချမှတ် ထားသည့် အမျိုးသားမူဝါဒနှင့် မဟာ ဗျူဟာအပေါ် အကျိုးသက်ရောက်မှု ရှိစေပြီး စာရင်းအင်းအသုံးပြုသူများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်း ပေးရန် ရင်းမြစ်များကို ဆက်စပ်မှု ရှိရှိ အသုံးပြုနိုင်ရေးသည် အရေးကြီး ပါကြောင်း၊ အချက်အလက်များ ကို တရားဝင်စာရင်းအင်းအဖြစ် ကောက်ယူ၊ စုစည်း၊ တွက်ချက်၊ ထုတ်ပြန်သည့် အချိန်တွင်လည်း ခေတ်သစ်အမြင် နည်းလမ်းများဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အမျိုးသားစာရင်းအင်းစနစ် ဖွံ့ဖြိုး တိုးတက်လာစေရေး ဆောင်ရွက်ရာ တွင် ဗဟိုစာရင်းအင်းအဖွဲ့တစ်ခုတည်း ဆောင်ရွက်၍ မရသည့်အတွက် ဌာန ဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် လေးနက်စွာ တိုက်တွန်းပြောကြားလိုပါကြောင်း။
စာရင်းအင်းအချက်အလက်များ သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအတွက် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ် နိုင်ရန် အဓိကရေသောက်မြစ်ဖြစ်သကဲ့ သို့ တိုင်းပြည်အတွက် မှန်ကန်သည့် စီမံကိန်းနှင့် မူဝါဒရေးဆွဲရာတွင် လည်း အဓိကပါဝင်ပါကြောင်း၊ ထို့ပြင် စာရင်း အချက်အလက်များသည် ခေတ်သစ်ဘဝကို ထင်ဟပ်စေသကဲ့သို့ လူတိုင်းအတွက် ပျော်ရွှင်မှုနှင့် သာယာ ဝပြောမှုများကိုလည်း ဖြစ်ပေါ်စေနိုင် ပါကြောင်း။
စာရင်းအင်း၏ အရေးပါပုံကို လူသားတိုင်း ပိုမိုသိရှိနိုင်ရေးနှင့် ကမ္ဘာ ကြီးတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှု များကို ရင်ဆိုင်ကျော်လွှားနိုင်ရေး အတွက် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်း အင်းနေ့ဆောင်ပုဒ်နှင့်အညီ ယုံကြည် စိတ်ချရသည့် စာရင်းအင်းအချက် အလက်များနှင့် နိုင်ငံတကာအသိုင်း အဝိုင်းများအကြား ချိတ်ဆက်မှု အားကောင်းလာစေရန် ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများ၊ လုပ်ငန်းအဖွဲ့များနှင့် Stakeholders များအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ထို့နောက် UN Resident and Humanitarian Coordinator, Mr. Ola Almgren က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ကိုဖတ်ကြားသည်။
ယင်းနောက် United Nations Statistics Division (UNSD) Direc-tor, Mr. Stefan Schweinfest ၏ Video Message ကို ပြသသည်။
ထို့နောက် ကမ္ဘာ့စာရင်းအင်းနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အခမ်းအနားအစီ အစဉ် ဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ ဗဟိုကော်မတီအတွင်းရေး မှူး ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် က စာရင်းအင်းစနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက် ဦးဆောင်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ မုံရွာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စိုးဝင်း၊ ဗဟိုစာရင်းအင်း အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ချုပ် တွဲဖက်အထွေထွေအတွင်း ရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ The Voice Weekly Journal, Deputy Chief Editor ဦးဇေယျသူ၊ United Nations Population Fund – UNFPA မှ လူဦး ရေနှင့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အရာရှိ ဒေါ်ယုမြတ်မွန်တို့က‘‘ယုံကြည် စိတ်ချရသည့်အချက်အလက်နှင့် နိုင်ငံ တကာ အသိုင်းအဝိုင်းများအကြား ချိတ်ဆက်ခြင်း’’ ခေါင်းစဉ်ကို ဆွေးနွေး ကြသည်။
ယင်းနောက် စာရင်းအင်းအချက် အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီအတွင်းရေး မှူး ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် က နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်