ဒုတိယမြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တဉာဏိက အမှူးပြုသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူ အထူးဒေသမိသားစုများက ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အလှူငွေများ လှူဒါန်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်နှင့်  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် 
ဒုတိယဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးမှ ယာယီညှိနှိုင်းရေးမှူးနှင့်အဖွဲ့အား တွေ့ဆုံ

 

စစ်တွေ   မေ  ၂၆    


မူလမြိုင်ကြီးငူ   ဆရာတော်ကြီး အား ရည်စူး၍ ဒုတိယမြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တ ဉာဏိက အမှူး ပြုသော ကရင်ပြည်နယ်  နယ်ခြား စောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူ အထူးဒေသ     မိသားစုများက ရခိုင်ပြည်နယ်  မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အလှူငွေများ ကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့ရုံးသို့    လာရောက် လှူဒါန်းကြသည်။

 


လှူဒါန်းပွဲသို့       ဒုတိယ မြိုင်ကြီးငူ ဆရာတော် မဟာမင်္ဂလ ဓမ္မဇောတိကဓဇ   ဘဒ္ဒန္တ ဉာဏိက  နှင့် အောင်စေဆရာတော် မဟာ သဒ္ဓမ္မဇောတိကဓဇ     အရှင်ပဝရ သိဒ္ဓိတို့      ကြွရောက်တော်မူကြပြီး နိုင်ငံတော်          စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီး ချုပ်နှင့်       ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး   တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး     ဒုတိယ ဗိုလ်ချုပ်ကြီး    ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်      ဝန်ကြီးချုပ် ဦးထိန်လင်း၊    ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ           ဒုတိယ ဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ အနောက် ပိုင်းတိုင်း   စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊      ဒုတိယ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ ရုံးမှ   တာဝန်ရှိသူများ၊   ကရင် ပြည်နယ်   နယ်ခြားစောင့်တပ် မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသ မိသားစုများ   တက်ရောက်ကြ သည်။

 


အခမ်းအနားတွင်    ကရင် ပြည်နယ်         နယ်ခြားစောင့် တပ်မိသားစုနှင့်  မြိုင်ကြီးငူအထူး ဒေသမိသားစုများ     ကိုယ်စား  တာဝန်ရှိသူများက   အလှူငွေ စုစုပေါင်း  ငွေကျပ်သိန်း   ၁၅၀၀   ကို  ပေးအပ်လှူဒါန်းရာ    ပြည်နယ် ဝန်ကြီးချုပ် နှင့် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်     တိုင်းမှူး တို့က    လက်ခံရယူကြပြီး  ဂုဏ်ပြု          မှတ်တမ်းလွှာများ       ပြန်လည် ပေးအပ်ကြသည်။

 


ဆက်ကပ်လှူဒါန်း


ယင်းနောက်    ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ် ဝန်ကြီးချုပ်   ဦးထိန်လင်းတို့က ဆရာတော်များထံ  နဝကမ္မအလှူ ငွေများ   ဆက်ကပ်လှူဒါန်းကြ သည်။

 


ထို့နောက်   ဒုတိယမြိုင်ကြီးငူ ဆရာတော်က    ဩဝါဒစကား မြွက်ကြားပြီး     ဗိုလ်ချုပ်ကြီး တင်အောင်စန်းက   ကျေးဇူးတင် စကား      ပြန်လည်လျှောက်ထား သည်။

 


ဆက်လက်၍    ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်         ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင် တို့သည် ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNRCD)မှ ယာယီ ညှိနှိုင်းရေးမှူး နှင့်အဖွဲ့အား  ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

 


တွေ့ဆုံစဉ်        ဆိုင်ကလုံး မုန်တိုင်းမိုခါ      တိုက်ခတ်ခဲ့မှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ၏ ကူညီ ထောက်ပံ့ရေး    အစီအစဉ်များ အပေါ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ရေးဆိုင်ရာ         ကိစ္စရပ်များကို ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး    ဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ်   အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့်      သဘာဝဘေး ပြန်လည်     ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း  အစည်းအဝေးသို့ တက်ရောက်သည်။ 

 


ရှင်းလင်းတင်ပြ


အစည်းအဝေးတွင် ကော်မတီ အလိုက်     တာဝန်ရှိသူများက သဘာဝဘေး   ပြန်လည်ထူထောင် ရေးနှင့်စပ်လျဉ်းပြီး    ဆောင်ရွက် ပြီးစီးမှု        အခြေအနေနှင့်  ဆက်လက်   ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်း တင်ပြကြရာ        ဗိုလ်ချုပ်ကြီး တင်အောင်စန်းက   လိုအပ်သည် များကို မှာကြား၍ လုပ်ငန်းလိုအပ် ချက်များကို    ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း  ဆောင်ရွက်ပေးကာ အစည်းအဝေးကို   ရုပ်သိမ်းလိုက် သည်။

 


မိုခါမုန်တိုင်း     တိုက်ခတ်မှု ကြောင့်  သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ် အတွင်း          ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိရာ     ယနေ့အထိ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံ များ၌   ပြင်ပလူနာ   ၄၈၇၆   ဦး၊ အတွင်းလူနာ ၉၀၁၆ ဦးနှင့် ပြင်ပ လူနာဌာနများတွင်   ပြသသည့် လူနာ ၁၉၉၃၄  ဦးအား   ကုသ စောင့်ရှောက်မှု   ပေးခဲ့သည့်အပြင် ရေသန့်ဆေးခတ်ခြင်း ၂၁၂၃ ကြိမ် နှင့်       ကျန်းမာရေးပညာပေး ခြင်း    ၁၆၉၄      ကြိမ်   ဆောင်ရွက် ခဲ့သည်။

 


ထို့ပြင် အရေးပေါ်တုံ့ပြန်ရေး အဖွဲ့နှင့်   အထူးကုဆေးအဖွဲ့များ ဖြင့် ကွင်းဆင်း၍  ကုသမှုပေးခဲ့ သည့်    လူနာအရေအတွက်မှာ သက္ကယ်ပြင်၌  ၅၈  ဦး၊  မင်းပြား မြို့နယ်၌ ၅၅၆ ဦး၊ ကျောက်တော် မြို့နယ်၌   ၄၇၃  ဦး၊   ပုဏ္ဏားကျွန်း မြို့နယ်၌ ၂၇၅ ဦး၊   ပေါက်တော မြို့နယ်၌ ၂၇၂ ဦး၊ မာန်အောင် မြို့နယ်၌ ၈၄၈ ဦး၊  ဘူးသီးတောင် မြို့နယ်၌  ၁၉၀  နှင့် မောင်တော မြို့နယ်၌ ၅၃၃ ဦး စုစုပေါင်း ၃၂၀၅ ဦးရှိသည်။  

 


သာသနိက   အဆောက်အဦ များနှင့် ပတ်သက်၍လည်း မိုခါ မုန်တိုင်း           တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ   ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ပေါ်ရှိ  ဘုန်းတော်ကြီး ကျောင်းတိုက်များနှင့်  သီလရှင် ကျောင်းများအနက် ပထမအသုတ် အဖြစ်   ကျောင်း   ၁၀၀   အတွက် ရခိုင်ပြည်နယ်    သဘာဝဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုအဖွဲ့ က ခွဲဝေပေးသည့်    သွပ်အချပ်ရေ ၈၅၂၅ ချပ်၊ သွပ်မိုးသံ ၂၂၅ ပိဿာ တို့ကို မေ ၂၅ ရက်တွင် သာသနာ ရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးအေးထွန်းနှင့် တာဝန်ရှိသူများက  သက်ဆိုင်ရာ ကျောင်းတိုက်များသို့    လှူဒါန်း ပေးအပ်ခဲ့ပြီး  ယနေ့တွင် လည်း  ဘုန်းတော်ကြီးကျောင်း    ၇၂ ကျောင်းအတွက်   လိုအပ်သည့် သစ်ခွဲသား ၅၁  တန်ကို  ထပ်မံ လှူဒါန်းခဲ့ကာ သွပ်၊ သွပ်မိုးသံနှင့် သစ်များ   ထပ်မံရောက်ရှိမှုအပေါ် မူတည်၍         စဉ်ဆက်မပြတ် လှူဒါန်း          ထောက်ပံ့သွားမည် ဖြစ်သည်။ 

 


အဆင်ပြေစွာ အသုံးပြု


ထို့ပြင် ပြည်သူများ၏ ဖုန်း များ၊ အားသွင်းလျှပ်စစ်မီးများနှင့် အခြားအားသွင်း    လျှပ်စစ်ပစ္စည်း များ     အသုံးပြုနိုင်ရန်အတွက် Charging Point  နေရာများကို ကားကြီးဝင်းအနီး  ကျော်ဇံဆီဆိုင် အရှေ့၊          မီးစက်ကြီးအဝိုင်း၊ လေယာဉ်ကွင်းလမ်းဆုံ၊ လောကာ နန္ဒာ ဘုရားကြီးအရှေ့၊ အစိုးရအဖွဲ့ ရုံးရှေ့၊       ယဉ်ကျေးမှုပြတိုက်၊ ဘီလူးမတံတားထိပ်နှင့်   မြို့နယ် အခွန်ရုံးရှေ့တို့တွင် စီစဉ်ဆောင် ရွက်ပေးထားရာ    ပြည်သူများ အဆင်ပြေစွာ လာရောက်အသုံးပြု လျက်ရှိကြောင်း         သတင်း ရရှိသည်။

သတင်းစဉ်