ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်    ဩဂုတ်    ၁၈


အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှား  နိုင်ငံ    လာဘွန်ဘာဂျိုးမြို့၌   ကျင်းပမည့်   (၁၇)ကြိမ်မြောက်   နိုင်ငံ ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး    အာဆီယံဝန်ကြီးအဆင့်   အစည်း  အဝေးနှင့်   ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန်    နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီဝင်    ပြည်ထဲရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်  ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့ သည်  ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။


ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်း မှူး၊ တပ်မတော်အရာရှိကြီးများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။


ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယ  ရဲချုပ်နှင့် ဘာသာရပ်ဆိုင်ရာ  အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွား ကြသည်။


(၁၇)ကြိမ်မြောက်    နိုင်ငံဖြတ်ကျော်မှုခင်းများ   တိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဩဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ   ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံ အဖွဲ့ဝင်  ၁၀ နိုင်ငံမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ  အထွေထွေအတွင်းရေးမှူးချုပ်နှင့်    တာဝန်ရှိသူများ    တက်ရောက် ကြမည်ဖြစ်ပြီး  ဆက်စပ်အစည်းအဝေးများသို့   အာဆီယံအပေါင်း   ၃  (တရုတ်၊ ဂျပန်၊ ကိုရီးယား) နှင့်လည်းကောင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား တစ်နိုင်ငံချင်းစီနှင့်လည်းကောင်း၊ ဝန်ကြီးအဆင့်  အစည်းအဝေးများကို သီးခြားစီလည်းကောင်း  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 


သတင်းစဉ်