ဒုတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ ကျင်းပ

 

နေပြည်တော်   အောက်တိုဘာ   ၁၂


ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် ဒုတိယအကြိမ်မြောက် အာဆီယံ အမျိုးသမီး ခေါင်းဆောင်များညီလာခံ  (2nd  ASEAN  Women Leaders’ Summit)  ကို  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  သက်သက်ခိုင်၊   လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးအခွင့် အရေးများဆိုင်ရာ ကိုယ်စားလှယ် မြန်မာနိုင်ငံအမျိုး သမီး ရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာဆီယံအမျိုးသမီး ရေးရာ ကော်မတီ Focal Person နှင့် ဘာသာရပ် ဆိုင်ရာ တာဝန်ခံများ တက်ရောက်ကြသည်။ 

 


ဖွင့်ပွဲအခမ်းအနားတွင်   ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo Hun Sen နှင့် တာဝန်ရှိသူများက အဖွင့်အမှာ စကားပြောကြားသည်။  

 


ထို့နောက် အစီအစဉ်အရ ဒုတိယအကြိမ်မြောက်  အာဆီယံအမျိုးသမီး ခေါင်းဆောင်များ ညီလာခံ၏ ဆောင်ပုဒ်ဖြစ်သော “ Building A More Sustaina-ble, Inclusive and Resilient Future: Unlocking Women’s   Entrepreneurship  in  ASEAN”    နှင့် စပ်လျဉ်း၍ Plenary Session တွင် အာဆီယံနိုင်ငံ များ၏    အမျိုးသမီးရေးရာ   ခေါင်းဆောင်များက Panelist  များအဖြစ် ပါဝင်ဆောင်ရွက်၍ အတွေ့ အကြုံနှင့်အမြင်များကို  ဆွေးနွေးဖလှယ်ကြသည်။

 


ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က   မြန်မာနိုင်ငံအနေဖြင့်    ကျား/မ တန်းတူညီမျှမှုရရှိရန်၊ အမျိုးသမီးများနှင့် အမျိုးသမီး ငယ်များ၏    လုပ်ပိုင်ခွင့်နှင့်     အခွင့်အရေးများကို ဖော်ဆောင်ပေးရန်အတွက် Sustainable Develop-ment Goal (SDG Goals) နံပါတ်(၅)  ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ   အမျိုးသမီးများအားလုံး  အမျိုး သားများနှင့်တန်းတူ   ကဏ္ဍစုံလုပ်ငန်း    နယ်ပယ် အသီးသီးတွင် တန်းတူညီမျှပါဝင်နိုင်စေရန်၊ အမျိုး သမီးများ၏    စွမ်းဆောင်ရည်မြင့်မားရေး၊    ဖွံ့ဖြိုး တိုးတက်ရေး၊ ကျား၊ မတန်းတူ ညီမျှရေး၊ အမျိုးသမီး များအပေါ်    နည်းမျိုးစုံနှင့်   အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နေမှု နိုင်ငံအဆင့် ဦးစီးဦးဆောင်  လှုပ်ရှားဖော်ဆောင်နိုင်မည့် အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ     အမျိုးသမီးကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံ နှင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်း ရှင်း CEDAW ပါ ကတိကဝတ်များနှင့် အကြံပြုသုံးသပ် ချက်များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေး နယ်ပယ် (၁၂) ရပ်နှင့်အညီ ရေးဆွဲထားသော အမျိုး သမီးများ   ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ     အမျိုးသား အဆင့်   မဟာဗျူဟာစီမံကိန်း-  NSPAW  (၂၀၁၃-၂၀၂၂)    တို့ကို      အကောင်အထည်ဖော်လျက်ရှိပြီး NSPAW Phase II ၂၀၂၃-၂၀၃၂ ကို ဆက်လက်ရေးဆွဲ သွားမည်ဖြစ်ပါကြောင်း။

 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသည်       ကျား/ မအခြေပြု အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးအတွက်  ၂၄ နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် ကတည်းကစတင်ခဲ့ပြီး သတင်းပေးပို့ တိုင်ကြားလာ သူများအား လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်း လမ်းညွှန်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများ၏   စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်ရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးမည့် စီးပွား‌ ရေးလုပ်ငန်းများ   ဖြစ်စေရန်အတွက်   အသက်မွေး ဝမ်းကျောင်းသင်တန်းများသည်     အရေးပါသည့် အတွက် အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း ၁၁ ကျောင်းကို တည်ထောင်ဖွင့်လှစ်ပြီး အမျိုးသမီး များ၏ စွမ်းရည်နှင့် အိမ်တွင်းမှုသက်မွေးပညာများ တတ်မြောက်စေရန် သင်ကြားပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် ထိခိုက်နိုင်ခြေ များကို လျှော့ချနိုင်ရန်အတွက် ကျေးလက်နေ အမျိုး သမီးများ၏     ဝင်ငွေရတစ်ပိုင်တစ်နိုင်    စီးပွားရေး လုပ်ငန်းများ အရှိန်မပျက်  ပုံမှန်ရရှိစေရေးအတွက် ရှေ့ပြေးလုပ်ငန်းစီမံချက်အဖြစ် “ကိုဗစ်-၁၉ ကာလ အတွင်း    ကျေးလက်နေ   အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ      ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်” ကို ရေးဆွဲ ပြီး  အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါ ကြောင်း။        


အဆိုပါလုပ်ငန်းစဉ်များသည် ရေရှည်တည်တံ့၍  အားလုံးအကျုံးဝင်ပြီး ကြံ့ကြံ့ခံနိုင်သော အာဆီယံ အသိုက်အဝန်းဖြစ်ပေါ်စေရေးအတွက်  အထောက် အကူပြုမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။

 


အစီအစဉ်အရ  Declaration  on  Building A More Sustainable, Inclusive and Resilient Future: Unlocking   Women’s  Entrepreneurship   in ASEAN နှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြ ခြင်း၊ တက်ရောက်လာသူများက မှတ်ချက်ပြုဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီး ချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကာ ညီလာခံအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။              

သတင်းစဉ်