
ရန်ကုန် ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ကော့မှူး မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်းကုန်း လမ်းမကြီးပေါ်ရှိ သခွပ်မြစ်တံတားသစ်ကို တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် တည်ဆောက်ပြီးစီးနေပြီဖြစ် သည်။
သခွပ်မြစ်တံတားသည် ဒလ-သခွပ်-လက်ခုပ် ကုန်း-ကညင်းကုန်းလမ်းမကြီးပေါ်တွင် တည်ရှိ သည့် လမ်းပိုင်းဖြစ်ပြီး နေ့စဉ် မော်တော်ယာဉ်များ၊ ကုန်စည်များ သယ်ယူပို့ဆောင်မှု များပြားသော အဓိက လမ်းမကြီးတစ်ခုလည်းဖြစ်သည်။ ယခင် သခွပ်တံတားဟောင်းမှာ ၁၉၉၁ ခုနှစ်က စတင် တည်ဆောက်ထားခဲ့ပြီး နှစ်ကာလကြာရှည်ခြင်းနှင့် တံတားကြံ့ခိုင်မှု အားနည်းလာခြင်းကြောင့် အဆိုပါ သခွပ်မြစ်တံတားသစ်စီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် စတင်အကောင်အထည် ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
သခွပ်မြစ်တံတားသစ်မှာ အရှည် ၄၉၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် ဝဲ၊ ယာ တစ်ဖက်လျှင် ၃ ပေ ၆ လက်မ စုစုပေါင်း တံတားအကျယ် ၃၁ ပေရှိပြီး ရေလမ်းကင်းလွတ် အမြင့် နှစ်မီတာ၊ ရေလမ်းကင်းလွတ် အကျယ် ၂၉ ဒသမ ၂၆ မီတာ၊ တံတားအမျိုးအစားမှာ သံကူကွန်ကရစ် + သံမဏိ ရက်မ (အပေါ်ထည်)ဖြစ်ပြီး တံတားအောက်ထည်မှာ သံကူကွန်ကရစ်၊ အချင်း ၁ ဒသမ သုည မီတာဘိုးပိုင်ဖြင့် တည်ဆောက်ထားကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်
ယခုအခါ သခွပ်တံတားသစ်ကြီးတည်ဆောက်မှုမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်တို့သို့ ချိတ်ဆက်သွားလာနိုင် မည်ဖြစ်သလို အများပြည်သူ အားလပ်ရက်ရှည်ကာလများတွင် ပြည်တွင်းခရီးသွားလာမှု အပန်းဖြေအနားယူနိုင်သော လက်ခုပ်ကုန်း ဆယ်အိမ်တန်းကမ်းခြေသို့ အလျင်အမြန် သွားလာနိုင်တော့မည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်မှုနှင့်အတူ ဒေသခံပြည်သူ များ၏ ခရီးသွားလုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန် လာမည်ဖြစ်သဖြင့် လူမှုစီးပွားဘဝများကို များစွာအထောက်အကူပြုမည်ဖြစ်သည်။
သုတ