
ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဒလ-တွံတေးကားလမ်းမကြီးဘေး ဗညားဒလရပ်ကွက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအမှတ်တရ ဗိုလ်ချုပ်ပန်းခြံတွင် နေ့စဉ်ကျန်းမာရေးလေ့ကျင့်ခန်း လာရောက်ပြုလုပ်သူ အပန်းဖြေနားနေသူများဖြင့် စည်ကားလျက် ရှိသည်။
ဒလမြို့နယ် ဒလ-တွံတေးကားလမ်းမကြီးဘေး ဗညားဒလ ရပ်ကွက်ရှိ အမှတ်တရ ဗိုလ်ချုပ်ပန်းခြံတွင် ပြည်သူများ ကျန်းမာရေး အတွက် အားကစားပြုလုပ်နိုင်ရန် အားကစားပစ္စည်းများ၊ ကလေး ငယ်များ ဆော့ကစားရန် ကစားစရာပစ္စည်းများလည်း ထားရှိပေးထား သည့်အတွက် နေ့စဉ်ကျန်းမာရေးလေ့ကျင့်ခန်းများ လာရောက်ပြုလုပ် သူများ၊ လာရောက်ဆော့ကစားကြသည့် ကလေးငယ်များနှင့် အမြဲ မပြတ်စည်ကားလျက်ရှိသည်။
“ခုလို ပြည်သူတွေ ကျန်းမာရေးအတွက် လာရောက်ပြီး လေ့ကျင့်ခန်းလုပ်နိုင်ကြတာက မြို့ရွာအေးချမ်းလို့ပါ၊ ပန်းခြံမှာ လူစည် တော့ လာရောက်ဈေးရောင်းကြသူတွေလဲ ရှိလာတယ်။ အဲဒါအေးချမ်း မှုရဲ့ ရလဒ်ပါ” ဟု ဗညားဒလရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ အမှတ်တရ ဗိုလ်ချုပ်ပန်းခြံကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
မောင်ယဉ်ဦး