ဒိုက်ဦးမြို့နယ်၌ မော်တော်ယာဉ် နောက်ဘီးပွင့်၍ ပြုတ်ထွက်ကာ လမ်းလယ်ကျွန်း သစ်ပင် ဝင်တိုက် အမျိုးသမီး တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ

 

နေပြည်တော် ဇန်နဝါရီ  ၇
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ၌ ဇန်နဝါရီ ၆  ရက်က မော်တော် ယာဉ် နောက်ယာဘက်ဘီးပွင့်၍  ပြုတ်ထွက်ကာ  လမ်းလယ်ကျွန်းရှိ သစ်ပင်ကို     ဝင်ရောက်တိုက်မိမှု ကြောင့် အမျိုးသမီး တစ်ဦးသေဆုံး ကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီ ၆ ရက် ည ၈ နာရီ ၄၅   မိနစ်ခန့်တွင်   ရန်ကုန်-မန္တလေးလမ်းပိုင်း  ဘက်ခြမ်း အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၈ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား ၌      ဗိုလ်တထောင်မြို့နယ်   ၇ ရပ်ကွက်နေ       ခင်မောင်မြင့် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်း နေ မစိုးမြတ်သန္တာမြင့်(၂၂)နှစ်၊ မနှင်းဆီဖြူ(၂၁)နှစ် လိုက်ပါလာ သော YGN-71/xxxx မော်တော် ယာဉ်သည်  နောက်ယာဘက်ဘီး ပွင့်၍ ပြုတ်ထွက်ကာ လမ်းလယ် ကျွန်းရှိ    သစ်ပင်ကို  ဝင်ရောက် တိုက်မိခဲ့သဖြင့် မစိုးမြတ်သန္တာမြင့် နှင့် မနှင်းဆီဖြူတို့တွင် ဒဏ်ရာ များရရှိခဲ့သဖြင့်       ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့   ပို့ဆောင် ဆေးကုသမှုခံယူနေစဉ် မစိုးမြတ် သန္တာမြင့်မှာ ရရှိသောဒဏ်ရာများ ဖြင့်     သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ခင်မောင် မြင့်အား ဘောနီအမြန် လမ်းမကြီး ရဲစခန်းက  အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။  

 ရဲပြန်ကြား